• Follow Us on

Home ၂၀၂၂ ခုနှစ် ပထမနှစ်လအတွင်း ကလေးငယ် (၈၇၀၀၀) ဦးအပါအဝင် လူဦးရေ (၁၅၂၀၀၀) ကျော်အတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုကာကွယ်ရေးဝန်ဆောင်မှုများပံ့ပိုးထားကြောင်း ယူနီဆက်မြန်မာထုတ်ပြန်

၂၀၂၂ ခုနှစ် ပထမနှစ်လအတွင်း ကလေးငယ် (၈၇၀၀၀) ဦးအပါအဝင် လူဦးရေ (၁၅၂၀၀၀) ကျော်အတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုကာကွယ်ရေးဝန်ဆောင်မှုများပံ့ပိုးထားကြောင်း ယူနီဆက်မြန်မာထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် ၈

 

၂၀၂၂ ခုနှစ် ပထမနှစ်လအတွင်း ကလေးငယ် ၈၇,၀၀၀ ဦး အပါအဝင် လူဦးရေ ၁၅၂,၀၀၀ ကျော်အတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုကာကွယ်ရေး ဝန်ဆောင်မှုများ ပံ့ပိုးထားပြီးဖြစ်ကြောင်း ယူနီဆက်မြန်မာမှ ထုတ်ပြန်ထားသည်။

 

၂၀၂၂ ခုနှစ် ပထမနှစ်လအတွင်းမှာ ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကလေးငယ် ၈၇,၀၀၀ ဦး အပါအဝင် လူဦးရေ ၁၅၂,၀၀၀ ကျော်အတွက် အာဟာရ၊ ကျန်းမာရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကလေးသူငယ်ကာကွယ်ပေးရေး၊ ပညာရေးနှင့် လူမှုကာကွယ်ရေး ဝန်ဆောင်မှုတွေကို ပံ့ပိုး ပေးထားပြီးဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင်ရှိသည့် ပြည်တွင်း NGO မိတ်ဖက်အဖွဲ့အစည်းများစွာ၏ ကြိုးပမ်းမှုကြောင့် ယခုလို အရေးပေါ် ဝန်ဆောင်မှု အထောက်အပံ့များကို ရောက်ရှိရန် အခက်အခဲဆုံးနေရာများမှ ကလေးငယ်တွေဆီ ရောက်ရှိ အောင် ပံ့ပိုးပေးနိုင်ခဲ့ခြင်းကြောင်း ထုတ်ပြန်ထားသည်။

 

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ပြီး ယူနီဆက်မှ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသူ တစ်သိန်းသုံး သောင်းကျော်ကို သန့်ရှင်းသည့်သောက်ရေများ ပံ့ပိုးပေးထားကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia


Share this post