• Follow Us on

Home ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်မှုအနေဖြင့် ပြည်တွင်းဘွဲ့ခံရဟန်းတော်အပါး ၂၇၀၊ သီလရှင် ၄၁ ပါးအပါအဝင်(၃၅၁)ပါး/ဦးအား ပေးအပ်မည်

၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်မှုအနေဖြင့် ပြည်တွင်းဘွဲ့ခံရဟန်းတော်အပါး ၂၇၀၊ သီလရှင် ၄၁ ပါးအပါအဝင်(၃၅၁)ပါး/ဦးအား ပေးအပ်မည်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်မှုအနေဖြင့် ပြည်တွင်းဘွဲ့ခံ ရဟန်းတော်အပါး ၂၇၀ ၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၇ ဦး၊ ပြည်ပဘွဲ့ခံ ရဟန်းတော် ၁၂ ပါး၊ လူပုဂ္ဂိုလ်အမျိုးသမီး ၁ ဦး၊ စုစု ပေါင်း ၃၅၁ ပါး/ဦး ဖြစ်ပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၃၁)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

 

အဖွင့်အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားတို့ကို နှစ်စဉ်ကျင်းပမြဲအစဉ်အလာအတိုင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားပါကြောင်း၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်မှုအနေဖြင့် ပြည်တွင်းဘွဲ့ခံရဟန်းတော်အပါး ၂၇၀၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၇ ဦး၊ ပြည်ပဘွဲ့ခံ ရဟန်းတော် ၁၂ ပါး၊ လူပုဂ္ဂိုလ်အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃၅၁ ပါး/ဦး ဖြစ်ပါကြောင်း၊ အခမ်းအနားများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း” ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပြောသည်။

 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အခမ်းအနားများ ကျင်းပနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက နာယကအဖွဲ့နှင့် ဦးစီးကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းများစနစ်တကျ ခွဲဝေဆောင်ရွက်နိုင်ရန် လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီ ၁၁ ခုတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းအပေါ် မူတည်၍ Plan A/ Plan B ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သာသ နာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဆပ်ကော်မတီ ၆ ခု၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဆပ်ကော်မတီ ၅ ခု၊ စုစု ပေါင်း ဆပ်ကော်မတီ ၁၁ ခုတို့အနေဖြင့် အပြန်အလှန် ညှိနှိုင်းပေါင်းစပ်ပြီး ကုသိုလ်ယူ ဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post