• Follow Us on

Home ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်မှုမှာ ပြည်တွင်းပြည်ပဆရာတော် (၂၈၄) ပါးနှင့် သီလရှင် (၄၁) ရှိကြောင်း န.စ.ကဒုဥက္ကဋ္ဌ ပြောကြား

၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်မှုမှာ ပြည်တွင်းပြည်ပဆရာတော် (၂၈၄) ပါးနှင့် သီလရှင် (၄၁) ရှိကြောင်း န.စ.ကဒုဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁ (People Media)

 

၂၀၂၂ ခုနှစ် မတ်လအတွင်း ကျင်းပမည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်မှုမှာ ပြည်တွင်းမှ ဆရာတော် ၂၇၂ ပါး၊ ပြည်ပမှ ဆရာတော် ၁၂ ပါး စုစုပေါင်း ဆရာတော် ၂၈၄ ပါး ဖြစ်ပြီး သီလရှင်ဆရာကြီး ၄၁ ပါးရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူ ပွဲကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

“သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲဟာ ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက အစဉ်အလာကြီးမားစွာဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်အဆင့်ဆောင်ရွက်ရမယ့် အခမ်းအနားကြီးဖြစ်ကာ နှစ်စဉ် ကျင်းပသည့်အခမ်းအနားဖြစ်တဲ့အတွက် ဆပ်ကော်မတီတွေနဲ့ လုပ်ငန်းကော်မတီတွေအနေနဲ့ တက်ညီလက်ညီ စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောသည်။

 

ယခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်မှုနှင့် စပ်လျဉ်း၍ ပြည်တွင်းမှ ဆရာတော် ၂၇၂ ပါး၊ ပြည်ပမှ ဆရာတော် ၁၂ ပါး စုစုပေါင်း ဆရာတော် ၂၈၄ ပါးဖြစ်ပြီး သီလရှင်ဆရာကြီး ၄၁ ပါးရှိသည်ကို သိရ ကြောင်း၊ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်အနေဖြင့် ပြည်တွင်း ၂၇ ဦး၊ ပြည်ပ အမျိုးသမီး ၁ ဦး စုစုပေါင်း ၂၈ ဦးရှိ ကြောင်း၊ အဆိုပါ ၂၈ ဦးမှာ သာသနာပြုဘွဲ့ရ ၉ ဦးနှင့် သာသနာနုဂ္ဂဟဘွဲ့ရ ၁၉ ဦး ဖြစ်ပြီး ပြည်ပဘွဲ့တံဆိပ် ရအမျိုးသမီးသည် သာသနာပြုဘွဲ့ဖြစ်သည့် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်ဖြစ်ကြောင်း ဒုတိယဝန် ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

အခမ်းအနားကျင်းပမည့်နေ့ရက်သည် ရာသီဥတုသမမျှတနိုင်သည်ဆိုသော်လည်း ကိုဗစ်-၁၉ နှင့် အိုမီခရွန် ရောဂါပိုးကူးစက်နိုင်သည်ကို သတိပြုကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အခမ်းအနားသို့ ကြွရောက် လာကြမည့်ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ လူပုဂ္ဂိုလ်များနှင့် အထောက်အကူပြုအဖွဲ့များ အဆင် ပြေချောမွေ့စွာ တည်းခိုနေထိုင်ရေး၊ သွားလာရေး၊ ဆွမ်းဆန်တော်လောင်းလှူရေး၊ ဆွမ်းဆက်ကပ်ရေး၊ ချက် ပြုတ်ကျွေးမွေးရေးတို့နှင့် စပ်လျဉ်း၍ အခမ်းအနားမကျင်းပမီ၊ အခမ်းအနားကျင်းပစဉ်နှင့် အခမ်းအနားကျင်းပ ပြီးစီးသည်အထိ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများနှင့်အညီ စနစ်တကျ စစ်ဆေးဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post