• Follow Us on

Home ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ရွေးကောက်ပွဲများပြန်လည်ကျင်းပပေးမည်ဖြစ်ပြီး ရွေးကောက်ခံအစိုးရကို အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း အာဏာသိမ်းဆူဒန်စစ်ခေါင်းဆောင် ကတိပေး 

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ရွေးကောက်ပွဲများပြန်လည်ကျင်းပပေးမည်ဖြစ်ပြီး ရွေးကောက်ခံအစိုးရကို အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း အာဏာသိမ်းဆူဒန်စစ်ခေါင်းဆောင် ကတိပေး 

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၆ (People Media)

 

ဆူဒန်နိုင်ငံတွင် အောက်တိုဘာလ ၂၅ ရက်နေ့က စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်ကြီးအက်ဘ်ဒဲလ်ဖက်တာအယ်လ်ဘာဟန်က ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ရွေးကောက်ပွဲများပြန် လည်ကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးကောက်ခံအစိုးရကို အာဏာလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ကတိ ပေးလိုက်သည်။

 

ဗိုလ်ချုပ်ကြီးဘာဟန်ကနိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပြီး ဆူဒန်တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးအတွက် လိုအပ်သလိုကာကွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

 

“ကျွန်တော်တို့နိုင်ငံ လက်ရှိတွေ့ကြုံနေရတာက လူငယ်တွေရဲ့အနာဂတ်နဲ့ တိုင်းပြည်ရဲ့မျှော်လင့်ချက်တွေကို ခြိမ်းခြောက်ခံနေရပြီး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

 

အကူးအပြောင်းကာလဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာရန် နိုင်ငံ တော်ဝန်ကြီးချုပ်တွင်သာ အခွင့်အာဏာရှိကြောင်း၊ စစ်အာဏာသိမ်းမှုမှာ ရာဇဝတ်မှုတစ်ခုသာဖြစ်ကြောင်း၊ ဝန် ကြီးချုပ် အဗ္ဗဒူလာဟမ်းဒတ်သည် တရားဝင်ကြားကာလအစိုးရအဖြစ်တည်ရှိနေဆဲဖြစ်ကြောင်း ဖြုတ်ချခံလိုက်ရ သည့် ဝန်ကြီးချုပ် အဗ္ဗဒူလာဟမ်းဒတ်အပေါ် သစ္စာစောင့်သိဆဲ ဆူဒန်ပြန်ကြားရေးဝန်ကြီးဌာနက ဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်တွင်ရေးသားခဲ့သည်။

 

ကုသမဂ္ဂလုံခြုံရေးကောင်စီက အောက်တိုဘာ ၂၆ ရက်နေ့တွင် ဆူဒန်အရေး တံခါးပိတ်ဆွေးနွေးဖွယ်ရှိကြောင်း  သံတမန်များကပြောသည်။

 

“ဆူဒန်စစ်တပ်ရဲ့လုပ်ရပ်ကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဝန်ကြီးချုပ်နဲ့တကွ တခြားနိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်။” ဟု အိမ်ဖြူတော်ပြောခွင့်ရ ပုဂ္ဂိုလ် ခရိန်းဂျိန်းပီးယားရီးကပြောသည်။

 

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြသည့် လူငယ်များစွာက လမ်းများပိတ်ဆို့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ် တိုက်ရင်ဆိုင်ခဲ့ကြသည်။

 

စီးပွားရေးပညာရှင်တစ်ဦးနှင့် ကုသမဂ္ဂထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ဝန်ကြီးချုပ်အဗ္ဗဒူလာဟမ်းဒတ်ကို အာဏာ သိမ်းစစ်အစိုးရက ဖမ်းဆီးလိုက်ပြီး အမည်မသိနေရာသို့ ခေါ်ဆောင်သွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကသ တင်းထုတ်ပြန်ခဲ့သည်။

 

ပြန်ကြားရေးဝန်ကြီးဌာနက အာဏာသိမ်းစစ်အစိုးရကို ခုခံတော်လှန်ရေးတိုက်တွန်းအားပေးခဲ့ပြီး စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သောလူငယ်အများအပြား လမ်းမများပေါ်သို့ထွက်လာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ် တိုက်ရင်ဆိုင်တွေ့လျက်ရှိကြောင်း ပြောဆိုခဲ့သည်။

 

ဆူဒန်စစ်တပ်က အောက်တိုဘာလ ၂၅ ရက်နေ့က အာဏာသိမ်းလိုက်ပြီးနောက် ဆန္ဒပြသူများကို နှိမ်နှင်းခဲ့ရာ လူခုနစ်ဦးသေဆုံးခဲ့ပြီး ၁၄၀ ဒဏ်ရာရခဲ့ကြောင်း ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။

 

လွန်ခဲ့သည့်နှစ်နှစ် လူထုအုံကြွမှုကြီးပေါ်ပေါက်ခဲ့ပြီး အာဏာရှင် အိုမာအယ်လ်ဘာရှားကို ဖြုတ်ချခဲ့ပြီးနောက် ဆူ ဒန်နိုင်ငံ ဒီမိုကရေစီ ထူထောင်ရေးအတွက် ဖွဲ့စည်းတည်ထောင်ခဲ့သည့် စစ်ဘက်-အရပ်ဘက် အချုပ်အခြာ အာ ဏာကောင်စီအဖွဲ့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအက်ဘ်ဒဲလ် ဖက်တာအယ်လ်ဘာဟန်က ဖျက် သိမ်းလိုက်သည်။

 

Ref: Seven killed, 140 injured in protests following coup in Sudan: Official

 

#PeopleMedia

 

(unicode)


…………………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Seven killed, 140 injured in protests following coup in Sudan: Official

 

#PeopleMedia


Share this post