• Follow Us on

Home ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှာ တိုမာဟော့ခရုစ်ဒုံးကျည်အများအပြားဝယ်ယူဖို့ ဂျပန်အစိုးရ စဉ်းစားနေ

၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှာ တိုမာဟော့ခရုစ်ဒုံးကျည်အများအပြားဝယ်ယူဖို့ ဂျပန်အစိုးရ စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

 

ဂျပန်အစိုးရက လာမယ့်သုံးလေးနှစ်အတွင်း အမေရိကန်ထုတ် တိုမာဟော့ခရုစ်ဒုံးကျည်တွေဝယ်ယူသွားဖို့ ကန ဦး စီစဉ်ထားပေမဲ့ ဧပြီလမှာစတင်မယ့် ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှာ တိုမာဟော့ခရုစ်ဒုံးကျည်အများအပြား ဝယ် ယူဖို့ စဉ်းစားနေကြောင်း အစိုးရသတင်းရင်းမြစ်တစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်နေ့ကပြောကြားလိုက်ပါတယ်။

 

ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတွေဆီက ခြိမ်းခြောက်မှုတွေနဲ့ တိုးမြှင့်ရင်ဆိုင်လာရချိန်မှာ ဒီသတင်းဟာ နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့အတွက် အမေရိကန်ထုတ်တာဝေးပစ်ဒုံးကျည်တွေကို ဝယ်ယူပြီး အသုံးပြုချင်နေတဲ့ဂျပန်အစိုးရရဲ့ဆန္ဒကို ထင်ဟပ်ပေါ်လွင်စေတာဖြစ်ပါတယ်။

 

စီစဉ်ထားတဲ့ ၂၀၂၆ ခုဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံတွင်း ဒုံးကျည်တွေတပ်ဖြန့်ချထားမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါအစိုးရကလည်း အမေရိကန်အစိုးရနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ဆိုပါတယ်။

 

ဂျပန်အစိုးရအနေနဲ့ တိုမာဟော့ဒုံးကျည်အရေအတွက် ဘယ်လောက်ဝယ်ယူမယ်ဆိုတာ အတိအကျထုတ်ပြန် ကြေညာခြင်းမရှိပေမဲ့ ဒုံးကျည်အစင်း ၅၀၀ အထိ ဝယ်ယူဖို့ စဉ်းစားနေတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါ တယ်။

 

ဂျပန်အစိုးရဟာ ဂျပန်ရေတပ်က Aegis ဖျက်သင်္ဘောတွေကနေ ပစ်လွှတ်သွားနို်င်တဲ့ အမေရိကန်ရေတပ်က လက်ရှိအသုံးပြုနေတဲ့ နောက်ဆုံးပေါ်ခေတ်မီဒုံးကျည်တွေကို ဝယ်ယူဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

 

စစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာ ရန်သူ့နယ်မြေမှာရှိတဲ့ ပစ်မှတ်တွေအထိပစ်ခတ်နိုင်တဲ့ လက်နက်မျိုးကို ဂျပန်နိုင် ငံက လိုချင်နေတာဖြစ်ပြီး အဲဒီလိုတန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိတဲ့လက်နက်မျိုးကို ပိုင်ဆိုင်ဖို့အတွက် ဂျပန်အစိုးရ က သံန္နိဋ္ဌာန်ချထားတာဖြစ်ပါတယ်။

 

တိုမာဟော့ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၆၀၀ ဝန်းကျင်အထိ ပစ်ခတ်နိုင်တဲ့အတွက် တရုတ်ကမ်းရိုးတန်းနယ် မြေတွေအထိ ပစ်ခတ်နိုင်တယ်လို့ဆိုပါတယ်။ အဲဒီတိုမာဟော့ဒုံးကျည်တွေကို ဂျပန်ပြည်တွင်းဖြစ်ဒုံးကျည်တွေ မထုတ်လုပ်ရသေးသရွေ့ တန်ပြန်တိုက်ခိုက်ရေးလက်နက်အဖြစ်အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့လက ဝါရှင်တန်ဆွေးနွေးပွဲမှာ ဂျပန်နိုင်ငံအနေနဲ့ တိုမာဟော့ဒုံးကျည်တွေ စတင်ဝယ်ယူသွားမှာဖြစ် ကြောင်း ကီရှီဒါက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို ပြောဆိုခဲ့ပြီး ဘိုင်ဒန်က အဲဒီအစီအစဉ်ကိုထောက်ခံ ကြောင်း ပြောဆိုခဲ့ပါတယ်။

 

တိုမာဟော့ခရုစ်ဒုံးကျည်ရဲ့တိကျမှုကို ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲနဲ့ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲတွေမှာ သက် သေပြခဲ့ပြီးဖြစ်ပါတယ်။

 

ဂျပန်အစိုးရဟာ ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် ကနဦးဘတ်ဂျက်ကို ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဆုံးဖြတ်ချက် ချခဲ့ပြီး အဲဒီဘတ်ဂျက်ထဲမှာ တိုမာဟော့ဒုံးကျည်တွေဝယ်ယူဖို့ ယန်းငွေ ၂၁၁.၃ ဘီလျံ (ဒေါ်လာ ၁.၆ ဘီလျံ) ခွင့်ပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Japan considering bulk purchase of U.S. Tomahawk missiles in fiscal 2023

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Japan considering bulk purchase of U.S. Tomahawk missiles in fiscal 2023

 

#PeopleMedia


Share this post