• Follow Us on

Home ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ယခုလ (၂၀) ရက်နေ့မှစ၍ ထုတ်ယူနိုင်

၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ယခုလ (၂၀) ရက်နေ့မှစ၍ ထုတ်ယူနိုင်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

တိုင်းနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ ထုတ်ယူကြရမည်ဖြစ်ကြောင်း စာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

အခြေခံပညာအထက်တန်းကျောင်း(ကျောင်းခွဲ)နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ကျောင်းအုပ်ကြီးများထံ ထုတ်ယူကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ပြည်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ် ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

၂၀၂၃ ခုနှစ် မတ်လ (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 

#PeopleMedia


Share this post