• Follow Us on

Home ၂၀၂၄ ရွေးကောက်ပွဲမှာ အိမ်ဖြူတော်ကို ပြန်လာခဲ့မယ်လို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပြော

၂၀၂၄ ရွေးကောက်ပွဲမှာ အိမ်ဖြူတော်ကို ပြန်လာခဲ့မယ်လို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပြော

Share this post

နိုင်ငံတကာ၊ မတ် ၂၁

 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လာမယ့် ၂၀၂၄ ခုနှစ်မှာ အိမ်ဖြူတော်ကို သမ္မတအဖြစ် ပြန် ရောက်လာမှာဖြစ်ကြောင်း စနေနေ့ (မတ်လ ၁၉ ရက်) က ကြုံးဝါးပြောဆိုလိုက်ပါတယ်။

 

“ဒီအခန်းထဲမှာရှိတဲ့ လူတိုင်းရဲ့ထောက်ခံမှုနဲ့ ကျွန်တော်တို့တွေ အောက်လွှတ်တော်ကို ပြန်သွားကြမယ်။ ကျွန် တော်တို့တွေ အထက်လွှတ်တော်ကို ပြန်သွားကြမယ်။ ကျွန်တော်တို့ တိုင်းပြည်ကို ကျွန်တော်တို့ ပြန်အုပ်ချုပ် မယ်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်မှာပေါ့ဗျာ။ ကျွန်တော်တို့ရဲ့လှပတဲ့ အိမ်ဖြူတော်ကြီးကို ကျွန်တော်တို့ ပြန်လည် သိမ်းပိုက်တော့မှာပါ။” လို့ ထရမ့်ကပြောပါတယ်။

 

ဖလော်ရီဒါပြည်နယ်၊ ဖို့ဒ်လော်ဒစ်ဒယ်လ်မြို့ American Freedom Tour အဆောက်အဦမှာ နိုင်ငံရေးလူထု အစည်းအဝေးပွဲကို တက်ရောက်လာသူများကို မိန့်ခွန်းပြောကြားရာမှာ ထရမ့်က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

“ခင်ဗျားတို့ အမေရိကန်ကို ပထမဦးစားပေးနေရာမှာထားတဲ့ သမ္မတတစ်ယောက်ကို ရခဲ့ပြီးပါပြီ။ ကျွန်တော် ပြန်လာမှာပါ။ ကျွန်တော်တို့ဟာ ဘယ်တုန်းကနဲ့မတူဘဲ ပိုမိုကောင်းမွန်ပြီး ပိုမိုအင်အားကောင်းတဲ့ အစိုးရဖြစ် လာမှာပါ။” လို့ ထရမ့်ကပြောပါတယ်။

 

ထရမ့်က ၎င်းအနေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာအနိုင်ရခဲ့ကြောင်း အဆိုပါလူထုအစည်းအဝေးမှာ မှားယွင်းပြောဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ နှစ်ကြိမ် အနိုင်ရခဲ့ပါတယ်။ ဒုတိယအကြိမ်မှာ ပိုကောင်းအောင်လုပ်နိုင်ခဲ့တယ်။ အဲဒီလိုကောင်း အောင် နောက်တစ်ကြိမ်ထပ်လုပ်ရပါဦးမယ်။” လို့ ထရမ့်ကပြောပါတယ်။

 

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရှုံးပြီးကတည်းက သူနိုင်ပါတယ်လို့ လှည့်လည်ပြောဆိုပြီး ဆက်လက်ဆွယ်တရား ဟောခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတအိမ်ဖြူတော်ကိုပြန်လာမယ်လို့ ၎င်း က အမြဲပြောဆိုလျက်ရှိပါတယ်။

 

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ရီပတ်ဘလီကန်သမ္မတလောင်းအမည်စာ ရင်းတင်သွင်းမှုမှာ သူ့အနေနဲ့ အနိုင်ရရှိမှာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်က ထရမ့်ကပြောဆိုခဲ့ပါတယ်။

 

“ကျွန်တော်ဝင်ပြိုင်မယ်ဆိုရင် နိုင်မှာဗျ။ ခင်ဗျားတို့ကြည့်ကြည့်လေ ကွန်ဆာဗေးတစ်နိုင်ငံရေးလှုပ်ရှားမှု ညီလာခံ မှာတောင် ကျွန်တော် ၉၅%၊ ၉၅% အနိုင်ရခဲ့တာလေ။ ကျွန်တော် ၉၈% အထိ အနိုင်ရခဲ့တယ်။

 

ဒါ့ကြောင့် ကျွန် တော်ဝင်ပြိုင်ဖို့ဆုံးဖြတ်မယ်ဆိုရင် အလွယ်တကူအနိုင်ရမှာပါ။” လို့ ၎င်းကပြောပါတယ်။

 

Ref: Former President Donald Trump on Saturday vowed to get back into the White House in 2024.

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Former President Donald Trump on Saturday vowed to get back into the White House in 2024.

 

#PeopleMedia


Share this post