• Follow Us on

Home ၂၀၂၄ ရွေးကောက်ပွဲအပြီး ပြည်တွင်းစစ်ကိုရှောင်ရှားနိုင်ရန် အမေရိကန်စစ်တပ် ကြိုတင်ပြင်ဆင်ထားသင့် ကြောင့် အငြိမ်းစားဗိုလ်ချုပ်သုံးဦးပြော 

၂၀၂၄ ရွေးကောက်ပွဲအပြီး ပြည်တွင်းစစ်ကိုရှောင်ရှားနိုင်ရန် အမေရိကန်စစ်တပ် ကြိုတင်ပြင်ဆင်ထားသင့် ကြောင့် အငြိမ်းစားဗိုလ်ချုပ်သုံးဦးပြော 

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈ (People Media)

 

၂၀၂၄ ခုနှစ်ရွေးကောက်ပွဲအပြီးတွင် နောက်ထပ်ဆူပူအုံကြွမှု သို့မဟုတ် ပုန်ကန်မှုဖြစ်ပေါ်မလာစေရန် အမေရိ ကန်တပ်မတော်အနေဖြင့် လိုအပ်သည်များကြိုတင်ပြင်ဆင်ထားရန် အငြိမ်းစားဗိုလ်ချုပ်သုံးဦးက ပြောကြား  လိုက်သည်။

 

ဇန်နဝါရီလ ၆ ရက်နေ့က Capitol (ကွန်ဂရက်လွှတ်တော်) တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုမျိုး အမေရိကန်တပ်မတော်တွင်းမဖြစ်ပွားစေရန် တပ်မတော်အငြိမ်းစားအရာရှိကြီးများကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ်အတွင်း အမေရိကန်တပ်မတော်အနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် တောင်းဆိုလိုက်သည့်သ တင်းကို ဝါရှင်တန်ပို့စ်သတင်းစာတွင်ဖော်ပြထားသည်။

 

ဆောင်ရွက်သင့်သည့်နည်းလမ်းပေါင်းစုံကို အမေရိကန်ကြည်းတပ်မှ အငြိမ်းစားဗိုလ်ချုပ် ပေါလ်အီတွန်၊ စစ်မှု ထမ်းသက် ၃၄ နှစ်တွင် အငြိမ်းစားယူခဲ့သည့် အငြိမ်းစားဗိုလ်ချုပ် အန်တိုနီယိုတာဂူဘာနှင့် ကြည်းတပ်တွင် ၃၁ နှစ်ကြာစစ်မှုထမ်းခဲ့သည့် အငြိမ်းစားဗိုလ်မှူးချုပ် စတီဗင်အန်ဒါဆင်တို့က အကြံပေးခဲ့ခြင်းဖြစ်သည်။

 

တပ်မတော်အတွင်း သစ္စာစောင့်သိမှုယိုယွင်းလာပြီး အစိတ်အစိတ်အမွှာမွှာကွဲလာမည်ဆိုပါက တပ်မတော်ပြို ကွဲပြီးနောက် ပြည်တွင်းစစ်ကြီးဖြစ်ပွားလာနိုင်ကြောင်း အငြိမ်းစားဗိုလ်ချုပ်သုံးဦးက သတိပေးလိုက်သည်။

 

“ပထမဦးဆုံးအနေနဲ့ နောက်ထပ်ဆူပူအုံကြွမှု/ ပုန်ကန်မှုမျိုးထပ်မဖြစ်အောင် လုပ်သင့်တာမှန်သမျှ အားလုံးလုပ် ထားရမယ်။ ခေါင်းဆောင်တစ်ယောက်တည်းကို တာဝန်ခံခိုင်းတာမျိုး မလုပ်ရပါဘူး။ ကျွန်တော်တို့ ရွေးကောက် တင်မြှောက်ထားတဲ့အရာရှိတွေနဲ့ တရားရေးဝန်ကြီးဌာန၊ အောက်လွှတ်တော်ကရွေးချယ်တင်မြောက်ထားတဲ့ ကော်မတီနဲ့ ကွန်ဂရက်လွှတ်တော်တစ်ခုလုံးက အလွန်အရေးကြီးဆောင်ရွက်ရမယ်ဆိုတာ သိဖို့လိုအပ်ပါ တယ်။” ဟု ရေးသားဖော်ပြထားသည်။

 

Flag Officers 4 America ဆိုသည့်အမည်ဖြင့် အငြိမ်းစားအရာရှိ ၁၂၄ ဦးသည် သမ္မတဟောင်းဒေါ်နယ်လ် ထရမ့်၏ “ကျွန်ုပ်တို့ ရွေးကောက်ပွဲ၏ တရားဝင်မှုကို မှားယွင်းစွာတိုက်ခိုက်ခြင်း” ဆိုသည့် စကားကို သံယောင် လိုက်၍ စာတစ်စောင်ထုတ်ပြန်ခဲ့ကြောင်း အငြိမ်းစားဗိုလ်ချုပ်သုံးဦးက ပြောသည်။

 

ဇန်နဝါရီလ ၆ ရက်နေ့ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရေးကော်မတီက စုံစမ်းဆဲဖြစ်၍ အမေရိကန်တပ်မတော်အ နေဖြင့် အရေးယူဆောင်ရွက်ရန် ရွေးကောက်ခံပုဂ္ဂိုလ်များကို စောင့်ဆိုင်းမနေနိုင်ကြောင်း အငြိမ်းစားဗိုလ်ချုပ် များကပြောသည်။

 

“ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ အခြေခံဥပေဒနဲ့ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းတွေ/ စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ် သက်ပြီး စစ်သားရော အရပ်သားတွေအတွက်ပါ ပြည်သူ့နီတိပြန်လည်ဆန်းစစ်လေ့လာခြင်းပြုလုပ်ဖို့ ချက်ချင်း အမိန့်ထုတ်သင့်ပါတယ်။” ဟု ၎င်းတို့သုံးဦးကပြောသည်။

 

“ဒါ့အပြင် တပ်မတော်အစိတ်အပိုင်းအားလုံးက တပ်စခန်းအသီးသီးမှာ အထူးနှံ့နှံ့စပ်စပ် စုံစမ်းထောက်လှမ်းတာ မျိုးတွေ လုပ်ရပါမယ်။ ရည်ရွယ်ချက်က တပ်တွင်းပုန်ကန်လာနိုင်သူတွေကို စုံစမ်းစစ်ဆေးရှာဖွေဖော်ထုတ်ပြီး၊ သီးသန့်ခွဲထားနိုင်ဖို့၊ လိုအပ်သလို ရှင်းလင်းဖယ်ရှားပစ်ဖို့ဖြစ်တယ်။ သတင်းမှားတွေကိုအသုံးပြုပြီး တပ်မတော် ရဲ့ အမိန့်ပေးကွပ်ကဲမှုအဆင့်ဆင့်ကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ဝါဒဖြန့်ချိရေးသမားတွေကို စောင့်ကြပ်ကြည့်ရှုဖို့ဖြစ်တယ်။ ဝါဒဖြန့်သမားတွေ ဖြန့်နေတဲ့ သတင်းမှားတွေ အရာရှိ/ အခြားအဆင့် အဆင့်အ တန်းအားလုံးကြားမှာ ဘယ်လောက်အထိ ပျံ့နှံ့နေတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ဖြစ်တယ်။” ဟု အဆိုပါသုံးဦးရေးသားသည့်စာတွင်ဖော်ပြထားသည်။

 

အောက်လွှတ်တော်မှရွေးချယ်ထားသော ကော်မတီမှာ ဇန်နဝါရီလ ၆ ရက်နေ့တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေ ဆဲဖြစ်သည်။ ယနေ့အချိန်အထိ လူဦးရေဒါဇင်ကျော်ကို တရားရုံးသို့လာရောက်ရန် ဆင့်ခေါ်ထားပြီး လူဦးရေ ရာကျော်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

တစ်ပြိုင်တည်းမှာပင် လူဦးရေ ၇၀၀ ကျော်ကို ကွန်ဂရက်လွှတ်တော်သိမ်းပိုက်မှုနှင့် ဆက်နွယ်သည့်ရာဇဝတ်မှု များဖြင့် ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲဆိုထားကြောင်းသိရသည်။

 

Ref: Retired generals urge Pentagon to take steps to avert ‘civil war’ after 2024 election

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Retired generals urge Pentagon to take steps to avert ‘civil war’ after 2024 election

 

#PeopleMedia


Share this post