• Follow Us on

Home ၂၀၂၅ ခုနှစ်ကစပြီး F/A-18 ဂျက်တိုက်လေယာဉ်ထုတ်လုပ်မှု ဘိုးရင်းကုမ္ပဏီ ရပ်ဆိုင်းမည်

၂၀၂၅ ခုနှစ်ကစပြီး F/A-18 ဂျက်တိုက်လေယာဉ်ထုတ်လုပ်မှု ဘိုးရင်းကုမ္ပဏီ ရပ်ဆိုင်းမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

၂၀၂၅ ခုနှစ်ကစပြီး F/A-18 Super Hornet ဂျက်တိုက်လေယာဉ်တွေကို ဆက်လက်ထုတ်လုပ်တော့မှာမဟုတ် ကြောင်း ဘိုးရင်းကုမ္ပဏီက ကြေညာလိုက်ပါတယ်။

 

ကမ္ဘာ့ဝယ်လက်တွေအတွက် နှစ်ပေါင်းလေးဆယ်နီးပါး ထုတ်လုပ်လာတဲ့ စတုတ္ထမျိုးဆက် ဂျက်တိုက်လေယာဉ် တွေကို ဆက်လက်ထုတ်ခြင်းမပြုဖို့ ဘိုးရင်းကုမ္ပဏီက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

 

ပိုမိုခေတ်မီတဲ့ ဂျက်တိုက်လေယာဉ်တွေကို ထုတ်လုပ်ဖို့အတွက် F/A-18 ဂျက်တိုက်လေယာဉ်တွေ ထုတ်လုပ်မှု ကို ရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း ကုမ္ပဏီက ပြောပါတယ်။

 

ဘိုးရင်းကုမ္ပဏီဟာ လာမယ့်မျိုးဆက်သစ် ဂျက်တိုက်လေယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေထုတ်လုပ်နိုင်ဖို့ အတွက် မစ်ဇူရီပြည်နယ်က စိန့်လူးဝစ်မြို့မှာ ခေတ်မီစက်ရုံသုံးခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

 

နိုင်ငံတကာဝယ်လက်တွေက ကြိုက်နှစ်သက်လို့ ရွေးချယ်မယ်ဆိုရင် Super Hornet ဂျက်တိုက်လေယာဉ်ထုတ် လုပ်မှုကို ၂၀၂၇ ခုနှစ်မှာ ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဘိုးရင်းကုမ္ပဏီကပြောပါတယ်။

 

ဘိုးရင်းကုမ္ပဏီရဲ့ F/A-18 Super Hornet ဂျက်တိုက်လေယာဉ်တွေကို လက်ရှိကာလနဲ့ အနာဂတ်ကာလခြိမ်း ခြောက်မှုတွေကိုရင်ဆိုင်ရာမှာ ဘက်စုံတိုက်ပွဲဝင်နိုင်ဖို့အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

F/A-18 Super Hornet ဂျက်တိုက်လေယာဉ်တွေဟာ အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘောတွေရဲ့ ပင်မ တိုက်ပွဲဝင်လေယာဉ်တွေအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဂျက်တိုက်လေယာဉ်တွေဖြစ်ပါတယ်။

 

အခုလို F/A-18 Super Hornet ဂျက်တိုက်လေယာဉ်တွေထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဟာ အ နာဂတ်လေယာဉ်ထုတ်လုပ်မှုကို ပိုမိုခေတ်မီပြီး အဆင့်မြှင့်တင်ဖို့အတွက် ဆုံးဖြတ်လိုက်တာလို့ ဘိုးရင်းကုမ္ပဏီ က ပြောပါတယ်။

 

၁၉၈၃ ခုနှစ်ကစပြီး အမေရိကန်ဘိုးရင်းကုမ္ပဏီကြီးဟာ အမေရိကန်၊ သြစတေးလျ၊ ကနေဒါ၊ ဖင်လန်၊ စပိန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေအတွက် Hornet ဂျက်တိုက်လေယာဉ်၊ Super Hornet ဂျက်တိုက်လေယာဉ်၊ EA-18G Growler ဂျက်တိုက်လေယာဉ် အစင်း ၂၀၀၀ ကျော်ကို ထုတ်လုပ်ပေးခဲ့ပါတယ်။

 

Ref: Boeing to Stop Producing F/A-18 Super Hornets by 2025

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Boeing to Stop Producing F/A-18 Super Hornets by 2025

 

#PeopleMedia


Share this post