• Follow Us on

Home (၂၇) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်ကို လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ကျင်းပမည်  

(၂၇) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်ကို လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ကျင်းပမည်  

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၃ (People Media)

 

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ၂၀၂၁ ခုနှစ် (၂၇) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်း သဘင်အား လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ စနေနေ့ မွန်းလဲ (၁) နာရီအချိန်တွင် ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်း တက္ကသိုလ် ထုတ်ပြန်ချက်အရ သိရသည်။

 

၂၇ ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်တွင် ဘွဲ့ခံယူတော်မူကြမည့် အရှင်မြတ်တို့ဘုရား ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း (၁၃) ရက် ဒီဇင်ဘာလ ၁၆ ရက်နေ့ ကြာသပတေးနေ့တွင် ရောက်ရှိကြောင်း သတင်းနှင့် ပြန်ကြားရေးဌာနတွင် သတင်းပို့ရမည်ဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ သောကြာနေ့ မွန်းလဲ ၁ နာရီအချိန်တွင် ဘွဲ့ယူအစမ်းလေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ ဘွဲ့ခံယူကြရောက်မည့် ရဟန်းတော်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွန်ချက်အရ ဘွဲ့ခံသံဃာတော် (၁) ပါးတည်းသာ ကြွရောက်ဘွဲ့ခံယူရန် ထုတ်ပြန်ထားသည်။

 

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)၌ သာသနတက္က သီလဓမ္မပါရဂူဘွဲ့ခံ (၁)ပါး၊ သာသနာ တက္က သီလမဟာ ဓမ္မာစရိယဘွဲ့ခံ (သင်/စီ) ၅ပါး၊ သာသနာ တက္ကသီလမဟာ ဓမ္မာစရိယဘွဲ့ခံ (တောင်းတန်း) ၁၄ပါးနှင့် သာသန တက္ကသီလဓမ္မာ စရိယဘွဲ့ခံ (တောင်တန်း) ၉၂ပါး ရှိကြောင်း စုစုပေါင်း ဘွဲ့ခံသံဃာတော် (၁၁၂)ပါးရှိကြောင်း သိရသည်။

 

Photo – PK

 

#PeopleMedia #သာသနာရေး

 

(unicode)


………………………………………………………………

 


 


 


 


 


 

Photo – PK

 



Share this post