• Follow Us on

Home (၂၇) ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအစည်းအဝေး ကျင်းပ

(၂၇) ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအစည်းအဝေး ကျင်းပ

Share this post

နေပြည်တော်၊ ဧပြီ ၁

 

ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ (၂၇) ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးများအစည်းအဝေးကို ယမန်‌နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍ မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့က တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

 

“ASCC အတွက် တိကျသည့် မဟာဗျူဟာကို ဖော်ဆောင်ရန်  ASEAN Comprehensive Recovery Frame work and the Hanoi Declaration of ASEAN Community post 2025 Vision အတွက် ကဏ္ဍစုံ၊ မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်မှုများနှင့် တိုးမြှင့်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်မိကြောင်း၊ အာဆီယံစည်းမျဉ်းစည်းကမ်း၊ နည်းလမ်းများနှင့်အညီ မိမိတို့အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ထောက်ပံ့ ဆောင်ရွက်မှုများကြောင့် မိမိတို့သည် ၂၀၂၅ ခုနှစ် အာဆီယံအသိုက်အဝန်းသို့ သွားရောက်နေသည့် လမ်း ကြောင်းတစ်ဝက်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် တင်သွင်းမည့် ကြေညာစာတမ်းများကိုလည်း မြန်မာနိုင်ငံမှ ထောက်ခံကြောင်း” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

အစည်းအဝေး၌ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက် မည့် ဦးစားပေးနယ်ပယ်များဖြစ်သည့် အာဆီယံ၏ စံတန်ဖိုးများ၊ အသိအမြင်နှင့် စရိုက်လက္ခဏာများကို မြှင့် တင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်အာဏာတိုးမြှင့်ပေးရေး၊ အာ ဆီယံပြည်သူများ၏ ကျန်းမာရေး၊ ကြွယ်ဝပြည့်စုံရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးတို့ကို တိုးမြှင့်စေရေး၊     အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း၏ အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ကို အား ကောင်းစေရေးတို့အတွက်လည်းကောင်း၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး များသို့ တင်ပြမည့် အစီရင်ခံစာများအား အတည်ပြုခြင်း၊ (၂၇) ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ ပူးတွဲကြေညာချက်(မူကြမ်း)ကို အတည်ပြုခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက်    စတင်ဆောင်ရွက်မည့် Reopen, Recover, and Resilience in Education နှင့် အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်သွင်းမည့် မှတ်တမ်းမှတ်ရာများ ကိုးခုကို  အတည်ပြုရန်အတွက်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

 

(unicode)


………………………………………..

 


 


 


 


 



Share this post