• Follow Us on

Home (၃)ရက္အတြင္း ဟိုတယ္မႏၲေလးရွိဝန္ထမ္း(၂၃)COVID-19ေရာဂါပိုးေတြ႕ရွိ

(၃)ရက္အတြင္း ဟိုတယ္မႏၲေလးရွိဝန္ထမ္း(၂၃)COVID-19ေရာဂါပိုးေတြ႕ရွိ

Share this post

မႏၲေလး၊စက္တင္ဘာ-၂၃

မႏၲေလးၿမိဳ႕ရွိ ဟိုတယ္မႏၲေလး၌တာဝန္ထမ္းေဆာင္သည့္ဝန္ထမ္းမ်ားအနက္ (၃)ရက္ အတြင္းဝန္ထမ္း(၂၃)ဦး၌ COVID-19ေရာဂါပိုးေတြ႕ရွိခဲ့သည္။

ျဖစ္စဥ္မွာဟိုတယ္မႏၲေလး၌သန႔္ရွင္းေရးပိုင္းတြင္တာဝန္ထမ္းေဆာင္သူအမ်ိဳးသမီးတစ္ဦးသည္ စက္တင္ဘာလ(၂၀)ရက္တြင္ ေနမေကာင္းသျဖင့္ မႏၲေလးျပည္သူ႕ေဆး႐ုံႀကီးသြားေရာက္ျပသခဲ့ရာ COVID-19 ေရာဂါပိုးစတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း မဟာေအာင္ေျမၿမိဳ႕ အေထြေထြ အုပ္ခ်ဳပ္ေရးမႈးဦးနိုင္ဝင္းက ေျပာၾကားသည္။

ဟိုတယ္မႏၲေလး၏ပထမဆုံး ပိုးေတြ႕လူနာကိုစက္တင္ဘာ(၂၀)ရက္ တြင္စတင္ေတြ႕ရွိခဲ့ၿပီး ေနာက္ထပ္ဝန္ထမ္း ေလးဦးထံ၌ ဆက္လက္ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

လက္ရွိအခ်ိန္၌ ဟိုတယ္မႏၲေလးမွ ဝန္ထမ္းမ်ားအနက္ ၂၃ ဦးသည္ COVID-19 အတည္ျပဳ႕လူနားမ်ား ျဖစ္လာခဲ့သည္။

COVID-19ေရာဂါပိုးေတြ႕ရွိသူဟိုတယ္ဝန္ထမ္း၁၈ဦးသည္ကုတင္၃၀၀သင္ၾကားေရး ေဆး႐ုံ တြင္ေစာင့္ၾကည့္ကုသမႈ ခံယူလ်က္ရွိၿပီး အျခားဝန္ထမ္း၁၀၀ ေက်ာ္သည္ဟိုတယ္၌ Quarantone(ေစာင့္ၾကည့္စစ္ေဆးမႈခံယူျခင္း) ဝင္ေရာက္လ်က္ ရွိေၾကာင္းမဟာေအာင္ေျမ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႈး ဦးနိုင္ဝင္းက ေျပာသည္။

“ဟိုတယ္ ပိတ္ထားပါတယ္၊ ဘယ္ကေနကူးတယ္ဆိုတာ မသိေသးဘူး။ ဝန္ထမ္းက ေနမေကာင္းလို႔ ၿပီးခဲ့တဲ့ ၂ ရက္ ၃ ရက္ က ေဆး႐ုံႀကီးသြားျပရာက P ျဖစ္လို႔ က်န္တဲ့သူေတြကို စစ္ေဆးလိုက္တဲ့အခါ P ထပ္ေတြ႕တာပါ၊ ကြန္တက္မွန္သမွ်လိ္ုက္ေတာ့ ရွာခိုင္းထားတယ္”လို႔၎ကဆိုသည္။

လက္ရွိတြင္ဟိုတယ္မႏၲေလး အား Lockdown(ကန႔္သတ္တားျမစ္ဧရိယာ) အျဖစ္ သတ္မွတ္ ကန႔္သတ္ခဲ့သည္။ဟိုတယ္ မႏၲေလးသည္ မဟာေအာင္ေျမၿမိဳ႕နယ္ ၊ ၇၈ လမ္း ၊ ၃၇ လမ္း ႏွင့္ ၃၈ လမ္း ၾကားတြင္ တည္ရွိၿပီး လူသိမ်ားေသာအထင္ကရေဟာ္တယ္တစ္ခုျဖစ္သည္။

ေနေသာ္(မန္း)

#PeopleMedia #မႏၲေလး

[Unicode]
(၃)ရက်အတွင်း ဟိုတယ်မန္တလေးရှိဝန်ထမ်း(၂၃)COVID-19ရောဂါပိုးတွေ့ရှိ

မန္တလေး၊စက်တင်ဘာ-၂၃

မန္တလေးမြို့ရှိ ဟိုတယ်မန္တလေး၌တာဝန်ထမ်းဆောင်သည့်ဝန်ထမ်းများအနက် (၃)ရက် အတွင်းဝန်ထမ်း(၂၃)ဦး၌ COVID-19ရောဂါပိုးတွေ့ရှိခဲ့သည်။

ဖြစ်စဉ်မှာဟိုတယ်မန္တလေး၌သန့်ရှင်းရေးပိုင်းတွင်တာဝန်ထမ်းဆောင်သူအမျိုးသမီးတစ်ဦးသည် စက်တင်ဘာလ(၂၀)ရက်တွင် နေမကောင်းသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသွားရောက်ပြသခဲ့ရာ COVID-19 ရောဂါပိုးစတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မဟာအောင်မြေမြို့ အထွေထွေ အုပ်ချုပ်ရေးမှုးဦးနိုင်ဝင်းက ပြောကြားသည်။

ဟိုတယ်မန္တလေး၏ပထမဆုံး ပိုးတွေ့လူနာကိုစက်တင်ဘာ(၂၀)ရက် တွင်စတင်တွေ့ရှိခဲ့ပြီး နောက်ထပ်ဝန်ထမ်း လေးဦးထံ၌ ဆက်လက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ ဟိုတယ်မန္တလေးမှ ဝန်ထမ်းများအနက် ၂၃ ဦးသည် COVID-19 အတည်ပြု့လူနားများ ဖြစ်လာခဲ့သည်။

COVID-19ရောဂါပိုးတွေ့ရှိသူဟိုတယ်ဝန်ထမ်း၁၈ဦးသည်ကုတင်၃၀၀သင်ကြားရေး ဆေးရုံ တွင်စောင့်ကြည့်ကုသမှု ခံယူလျက်ရှိပြီး အခြားဝန်ထမ်း၁၀၀ ကျော်သည်ဟိုတယ်၌ Quarantone(စောင့်ကြည့်စစ်ဆေးမှုခံယူခြင်း) ဝင်ရောက်လျက် ရှိကြောင်းမဟာအောင်မြေ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်းက ပြောသည်။

“ဟိုတယ် ပိတ်ထားပါတယ်၊ ဘယ်ကနေကူးတယ်ဆိုတာ မသိသေးဘူး။ ဝန်ထမ်းက နေမကောင်းလို့ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက် က ဆေးရုံကြီးသွားပြရာက P ဖြစ်လို့ ကျန်တဲ့သူတွေကို စစ်ဆေးလိုက်တဲ့အခါ P ထပ်တွေ့တာပါ၊ ကွန်တက်မှန်သမျှလိ်ုက်တော့ ရှာခိုင်းထားတယ်”လို့၎င်းကဆိုသည်။

လက်ရှိတွင်ဟိုတယ်မန္တလေး အား Lockdown(ကန့်သတ်တားမြစ်ဧရိယာ) အဖြစ် သတ်မှတ် ကန့်သတ်ခဲ့သည်။ဟိုတယ် မန္တလေးသည် မဟာအောင်မြေမြို့နယ် ၊ ၇၈ လမ်း ၊ ၃၇ လမ်း နှင့် ၃၈ လမ်း ကြားတွင် တည်ရှိပြီး လူသိများသောအထင်ကရဟော်တယ်တစ်ခုဖြစ်သည်။

နေသော်(မန်း)

#PeopleMedia #မန္တလေး


Share this post