• Follow Us on

Home (၃၃) ကြိမ်မြောက်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်းငါးထောင် (၁) ဆု အမြင့်ဆုံးချီးမြှင့်ပေးမည့် အပြင် ဘဏ္ဍာသိမ်းရငွေကျပ်သန်း (၂၅၀) ကိုလည်း ချီးမြှင့်ပေးသွားမည်

(၃၃) ကြိမ်မြောက်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်းငါးထောင် (၁) ဆု အမြင့်ဆုံးချီးမြှင့်ပေးမည့် အပြင် ဘဏ္ဍာသိမ်းရငွေကျပ်သန်း (၂၅၀) ကိုလည်း ချီးမြှင့်ပေးသွားမည်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀ (People Media)

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်းငါးထောင် (၁) ဆု အမြင့်ဆုံး ချီးမြှင့်ပေးမည့်အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) ကို ပြန်လည်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာန ခွဲမှ သိရသည်။

 

(၃၃) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် ည ထိ စုစုပေါင်းအက္ခရာ (၁၀) လုံးတွင် ထီစာအုပ် (၂၂၆,၆၀၃) အုပ်ရောင်းချခဲ့ကြောင်း သိရသည်။

 

ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၂၂၆၆.၀၃၀) ဖြစ်သဖြင့် ၇၀ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆု ငွေမှာ ကျပ်သန်း (၁၅၈၆.၂၂၁) ဖြစ်ပြီး အဆိုပါ ၇၀ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများနှင့် ဘဏ္ဍာ သိမ်းရငွေ ကျပ်သန်း (၂၅၀) ကိုလည်း ပြန်လည်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အထူးဆုကြီးများအနေဖြင့် ကျပ်သိန်းငါးထောင် (၁) ဆု၊ ကျပ်သိန်း တစ်ထောင် (၁) ဆု၊ ကျပ်သိန်းငါးရာ (၂) ဆု၊ ကျပ်သိန်းနှစ်ရာ (၅) ဆု၊ ကျပ်သိန်းတစ်ရာ (၇) ဆု၊ ကျပ်သိန်းငါးဆယ် (၈) ဆု၊ ကျပ်သိန်းနှစ်ဆယ် (၉) ဆု၊ ကျပ်တစ်ဆယ်သိန်း (၉) ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမှ ကျပ်သုံးသိန်း (၃၀) ဆု၊ ကျပ်နှစ်သိန်း (၂၀၀) ဆု၊ ကျပ်တစ်သိန်း (၆၀၀၀) ဆု တို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀)မှ ချီးမြှင့်သည့်ဆုများမှာ ကျပ်တစ်ဆယ်သိန်း (၄)ဆု၊ ကျပ်သုံးသိန်း (၂၀)ဆု၊ ကျပ်နှစ်သိန်း (၂၀၀)ဆုနှင့် ကျပ်တစ်သိန်း (၂၀၀၀)ဆုတို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

 

Photo – Credit

 

#PeopleMedia #အောင်ဘာလေ

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post