• Follow Us on

Home (၃၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ၌ ကျပ်သိန်းငါးထောင်ဆုအပါအဝင် ဘဏ္ဍာသိမ်းရငွေ ကျပ် သန်း (၂၅၀) ကိုလည်း ပြန်လည်းချီးမြှင့်ပေးသွားမည်

(၃၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ၌ ကျပ်သိန်းငါးထောင်ဆုအပါအဝင် ဘဏ္ဍာသိမ်းရငွေ ကျပ် သန်း (၂၅၀) ကိုလည်း ပြန်လည်းချီးမြှင့်ပေးသွားမည်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၁ (People Media)

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ကျင်းပမည့် (၃၄) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ၌ ကျပ်သိန်းငါးထောင်ဆုအပါအဝင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) ကိုလည်း ပြန်လည် ချီး မြှင့်ပေးသွားမည်ဖြစ်ကြောင်း အောက်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

 

အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် ည အက္ခရာအထိ စုစု ပေါင်း အက္ခရာ (၁၀) လုံးတွင် ထီစာအုပ် (၂၅၉၅၇၅) အုပ်ရောင်းချခဲ့ပြီး၊ ထီလက်မှတ်ရောင်းချငွေမှာ ကျပ်သန်း (၂၅၉၅ ဒသမ ၇၅၀) ဖြစ်သဖြင့် ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း (၁၈၁၇ ဒသမ ၀၂၅) ဖြစ်ကြောင်း သိရသည်။

 

အထူးဆုကြီးများအနေဖြင့် ကျပ်သိန်းငါးထောင် (၁)ဆု၊ ကျပ်သိန်းတစ်ထောင် (၁)ဆု၊ ကျပ်သိန်းငါရာ (၃)ဆု၊ ကျပ်သိန်းနှစ်ရာ (၆)ဆု၊ ကျပ်သိန်းတစ်ရာ (၁၀)ဆု၊ ကျပ်သိန်းငါးဆယ် (၉)ဆု၊ ကျပ်သိန်းနှစ်ဆယ် (၁၁)ဆု၊ ကျပ်တစ်ဆယ်သိန်း (၁၁) ဆုအပြင် ဝေဝေဆာဆာပဒေသာဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၂ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ကျင်းပမည့် (၃၄) ကြိမ်မြောက် အောက်ဘာလေသိန်းဆုဖွင့်ပွဲကို ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲ ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #အောင်ဘာလေ

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post