• Follow Us on

Home (၃၅) ကြိမ်မြောက်ထီဖွင့်ပွဲအတွက် ထီဆုငွေသည် (၁၉၇၃ ဒသမ ၁၆၀) ဖြစ်ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲ ကြေညာ

(၃၅) ကြိမ်မြောက်ထီဖွင့်ပွဲအတွက် ထီဆုငွေသည် (၁၉၇၃ ဒသမ ၁၆၀) ဖြစ်ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲ ကြေညာ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၃၁ (People Media)

 

(၃၅)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် အက္ခရာ(၁၀)လုံးတွင် ထီစာအုပ်(၂၈၁၈၈၀)အုပ် ရောင်းချရာမှ ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၂၈၁၈ ဒသမ ၈၀၀) ဖြစ်သဖြင့် ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၁၉၇၃ ဒသမ ၁၆၀) ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ကြေညာထားသည်။

 

ထီလက်မှတ်များ ရောင်းချရငွေ၏ ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့်အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) ကို ပြန်လည်ချီးမြှင့်ပေးမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ကြေညာထားသည်။

 

၃၅ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် အထူးဆုကြီးများအနေဖြင့် ကျပ်သိန်းငါးထောင် (၁) ဆုနှင့် ကျပ်သိန်းတစ်ထောင် (၁) ဆု တို့ကိုချီးမြှင့်သွားမည့်ဖြစ်ပြီး၊ ဆုတစ်ဆုချင်းအနေဖြင့် ကျပ်သိန်းငါးရာ (၃)ဆု၊ ကျပ်သိန်းနှစ်ရာ (၆)ဆု၊ ကျပ်သိန်းတစ်ရာ (၁၁)ဆု၊ ကျပ်သိန်းငါးဆယ် (၁၀)ဆု၊ ကျပ်သိန်းနှစ်ဆယ် (၁၀)ဆုနှင့် ကျပ်တစ်ဆယ်သိန်း (၁၁)ဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

ဝေဝေဆာဆာပဒေသာဆုများအနေဖြင့် ကျပ်သုံးသိန်း (၄၀)ဆု၊ ကျပ်နှစ်သိန်း (၅၀၀)ဆု၊ ကျပ်သိန်းတစ်သိန်း (၈၀၀၀)ဆု၊ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀)မှချီးမြှင့်သည့်ဆုများမှာ ကျပ်တစ်ဆယ်သိန်း (၄)ဆု၊ ကျပ်သုံး သိန်း (၂၀)ဆု၊ ကျပ်နှစ်သိန်း (၂၀၀)ဆုနှင့် ကျပ်တစ်သိန်း (၂၀၀၀) ဆုတို့ိကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ကြေညာထားသည်။

 

(၃၅)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

 

Photo – Credit

 

#PeopleMedia #အောင်ဘာလေ

 

(unicode)


……………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post