• Follow Us on

Home (၄၁) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ၊ ရင်း နှီးမြှုပ်နှံမှုဒုဝန်ကြီး တက်ရောက်

(၄၁) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ၊ ရင်း နှီးမြှုပ်နှံမှုဒုဝန်ကြီး တက်ရောက်

Share this post

နေပြည်တော်၊ မတ် ၃

 

(၄၁) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးသန်းအောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

“၂၀၂၂ ခုနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများမှာ အာဆီယံနိုင်ငံအားလုံးအတွက် လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် လက်တွေ့အသုံးချနိုင် မည်ဖြစ်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင် အကောင်အထည်ဖော်မှုတွင် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအခြေအနေနှင့် ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေသည့် ရေရှည်တည်တံ့သော စီးပွားရေးမူ ဘောင် အကောင်အထည်ဖော်မှုတွင် အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်ကို ထည့်သွင်းစဉ်းစား၍ လက်လှမ်းမီပြီး လက်တွေ့ဆောင်ရွက်နိုင်မည့်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း” ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

 

ထို့ပြင် အစည်းအဝေး၌ ၂၀၂၅ အလွန် အာဆီယံမျှော်မှန်းချက် ရေးဆွဲဆောင်ရွက်မှု၊ အာဆီယံစီးပွားရေး အသိုက်အဝန်း လမ်းပြမြေပုံ ၂၀၂၅ ကာလလယ်သုံးသပ်ချက်အရ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ အာဆီယံ၏ ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်နှင့် (၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများသီးသန့် အစည်းအဝေးသို့ တင်ပြမည့် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ အစီရင်ခံစာတို့ကိုလည်း ဆွေးနွေးကြကြောင်း သိရသည်။

 

အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့သည် အာဆီယံ၏ စီးပွားရေး ပေါင်းစည်းမှုကို ပိုမိုတိုးမြှင့်နိုင်မည့်ကိစ္စရပ်များ၊ အာဆီယံတွင်း စီးပွားရေးဆိုင်ရာကိစ္စရပ်သစ်များနှင့် လက်ရှိအကောင်အထည် ဖော်လျက်ရှိသည့် စီးပွားရေးပေါင်းစည်းမှု လုပ်ငန်းစဉ်များ၏ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အာဆီယံစီးပွားရေး ဝန်ကြီးများထံ အကြံပြုချက်များ တင်ပြခြင်းနှင့် အာဆီယံအသိုက်အဝန်း၏ ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရာတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းအနေဖြင့် ဆောင်ရွက်သင့်သည်များကို အာဆီယံစီးပွားရေး မဏ္ဍိုင်၏ အကြံပေးအဖွဲ့အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post