• Follow Us on
Latest News

Home ၆၆ လမ္း က်ဳံးေဘးေလွ်ာက္လမ္း အားကစားပစၥည္းမ်ား မစင္သုတ္သြားသူကို ဖမ္းမိ

၆၆ လမ္း က်ဳံးေဘးေလွ်ာက္လမ္း အားကစားပစၥည္းမ်ား မစင္သုတ္သြားသူကို ဖမ္းမိ

Share this post

၁၆ရက္ေန႔ မနက္ေစာေစာ၃နာရီခြဲ ဝန္းက်င္မွာ လုပ္သြားတာပါ။

တရားခံဖမ္းဆည္းရမိႏိုင္ေရး cctv မွတ္တမ္းမ်ားအား လူမႈကြန္ယက္မွာ ေဖာ္ျပခဲ့လို႔ တာဝန္သိ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္တစ္ဦးရဲ႕ ဖမ္းေပးမႈေၾကာင့္ မိတာပါ။

ဖမ္းဆည္းရမိတဲ့ တရားခံကို စစ္ေဆးခ်က္အရ အိမ္မဲ့ယာမဲ့ စိတ္ေဝဒနာရွင္တစ္ဦးျဖစ္ေနလို႔ စိတ္က်န္းမာေရးေဆး႐ုံကို ရဲစာနဲ႔ လႊဲေျပာင္းေပးပို႔ခဲ့ပါတယ္။

စိတ္ေဝဒနာရွင္ဟုတ္မဟုတ္ က်ေနာ္ကိုယ္တိုင္ စစ္ေဆးအတည္ျပဳခဲ့ၿပီး စိတ္ေဝဒနာရွင္ျဖစ္ေနလို႔လည္း စိတ္က်န္းမာေရးေဆး႐ုံက ေဆးကုသေပးဖို႔ လႊဲေျပာင္းလက္ခံလိုက္တာပါ။

စိတ္ေဝဒနာရွင္ကို ေဝဒနာရွင္အေနနဲ႔ပဲ ျမင္ေပးၿပီး ခြင့္လႊတ္ေပးေစခ်င္ပါတယ္။

စိတ္ေဝဒနာသက္သာလာရင္လည္း က်ဳံးေဘးကိုျပန္မလာဖို႔ၫႊန္ၾကားၿပီး ျပန္လာရင္ ထိေရာက္စြာ အေရးယူသြားပါမယ္။

cctv video ကိုၾကည့္ကထဲက စိတ္ေဝဒနာရွင္လို႔ ထင္ခဲ့တာပါ။

ၿမိဳ႕ေတာ္ကိုခ်စ္လို႔ လက္ရဖမ္းေပးခဲ့တဲ့ တာဝန္သိ ယာဥ္ထိန္ရဲတပ္ဖြဲ႕ဝင္အား ၿမိဳ႕ေတာ္ကိုယ္စားေက်းဇူးအထူးတင္ပါတယ္။

စည္ပင္ႏွစ္ပတ္လည္ေန႔မွာ ဂုဏ္ျပဳဆုနဲ႔မွတ္တမ္းေပးအပ္ႏိုင္ေရး ေကာ္မတီအစည္းအေဝးမွာ ဆုံးျဖတ္မွတ္တမ္းတင္မွာပါ။

မွတ္ခ်က္ ။ မႏၲေလးၿမိဳ႕ေတာ္ဝန္၏ ေဖာ္ျပခ်က္ အတိိုင္း ျဖစ္သည္။

(unicode)

၆၆လမ်းကျုံးဘေးလျှောက်လမ်း အားကစားပစ္စည်းများ မစင်သုတ်သွားသူကို ဖမ်းမိပါပြီ။
••••••••••••••••••••••••••••••••••••••••••••••••••••
၁၆ရက်နေ့ မနက်စောစော၃နာရီခွဲ ဝန်းကျင်မှာ လုပ်သွားတာပါ။

တရားခံဖမ်းဆည်းရမိနိုင်ရေး cctv မှတ်တမ်းများအား လူမှုကွန်ယက်မှာ ဖော်ပြခဲ့လို့ တာဝန်သိ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဖမ်းပေးမှုကြောင့် မိတာပါ။

ဖမ်းဆည်းရမိတဲ့ တရားခံကို စစ်ဆေးချက်အရ အိမ်မဲ့ယာမဲ့ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်နေလို့ စိတ်ကျန်းမာရေးဆေးရုံကို ရဲစာနဲ့ လွှဲပြောင်းပေးပို့ခဲ့ပါတယ်။

စိတ်ဝေဒနာရှင်ဟုတ်မဟုတ် ကျနော်ကိုယ်တိုင် စစ်ဆေးအတည်ပြုခဲ့ပြီး စိတ်ဝေဒနာရှင်ဖြစ်နေလို့လည်း စိတ်ကျန်းမာရေးဆေးရုံက ဆေးကုသပေးဖို့ လွှဲပြောင်းလက်ခံလိုက်တာပါ။

စိတ်ဝေဒနာရှင်ကို ဝေဒနာရှင်အနေနဲ့ပဲ မြင်ပေးပြီး ခွင့်လွှတ်ပေးစေချင်ပါတယ်။

စိတ်ဝေဒနာသက်သာလာရင်လည်း ကျုံးဘေးကိုပြန်မလာဖို့ညွှန်ကြားပြီး ပြန်လာရင် ထိရောက်စွာ အရေးယူသွားပါမယ်။

cctv video ကိုကြည့်ကထဲက စိတ်ဝေဒနာရှင်လို့ ထင်ခဲ့တာပါ။

မြို့တော်ကိုချစ်လို့ လက်ရဖမ်းပေးခဲ့တဲ့ တာဝန်သိ ယာဥ်ထိန်ရဲတပ်ဖွဲ့ဝင်အား မြို့တော်ကိုယ်စားကျေးဇူးအထူးတင်ပါတယ်။

စည်ပင်နှစ်ပတ်လည်နေ့မှာ ဂုဏ်ပြုဆုနဲ့မှတ်တမ်းပေးအပ်နိုင်ရေး ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်မှတ်တမ်းတင်မှာပါ။

မှတ်ချက် ။ မန္တလေးမြို့တော်ဝန်၏ ဖော်ပြချက် အတိိုင်း ဖြစ်သည်။


Share this post