• Follow Us on

Home (၇၃)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ႏွင့္ သက္ဆိုင္ေသာအခမ္းအနားမ်ား မက်င္းပမီႏွင့္ က်င္းပေနစဥ္အတြင္း လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမရွိေစရန္ ႀကိဳတင္စီမံထားမႈအား လၽွပ္စစ္ႏွင့္ စြမ္းအင္ဒု၀န္ႀကီးက ဒုတိယ သမၼတဦးျမင့္ေဆြအား တင္ျပ

(၇၃)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ႏွင့္ သက္ဆိုင္ေသာအခမ္းအနားမ်ား မက်င္းပမီႏွင့္ က်င္းပေနစဥ္အတြင္း လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမရွိေစရန္ ႀကိဳတင္စီမံထားမႈအား လၽွပ္စစ္ႏွင့္ စြမ္းအင္ဒု၀န္ႀကီးက ဒုတိယ သမၼတဦးျမင့္ေဆြအား တင္ျပ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၄

(၇၃)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ႏွင့္ သက္ဆိုင္ေသာအခမ္းအနားမ်ား မက်င္းပမီႏွင့္ က်င္းပေနစဥ္အတြင္း လၽွပ္စစ္ဓာတ္အားျပတ္ေတာက္မႈမရွိေစရန္ ႀကိဳတင္စီမံေဆာင္ရြက္ထားရွိမႈမ်ားကို လၽွပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီး ဌာန ဒုတိယ၀န္ႀကီး ဦးခင္ေမာင္၀င္း က ဒုတိယသမၼတဦးျမင့္ေဆြအား ရွင္းလင္းတင္ျပခဲ့သည္။

၂၀၂၁ ခုႏွစ္၊ (၇၃)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔က်င္းပေရးဗဟိုေကာ္မတီ၏ တတိယအႀကိမ္ ညႇိႏွိုင္း အစည္းအေဝးကို Video Conferencing စနစ္ျဖင့္ ဒီဇင္ဘာ ၃ ရက္ နံနက္ ၉ နာရီခြဲတြင္ ေနျပည္ေတာ္ရွိ ျပည္ ေထာင္စုအစိုးရအဖြဲ႕႐ုံး၊ အစည္းအေဝးခန္းမ၌ က်င္းပျပဳစဥ္ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးတင္ျမင့္က ၂၀၂၁ ခုႏွစ္၊ (၇၃)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔တြင္ နိုင္ငံေတာ္သမၼတအိမ္ေတာ္၊ သဘင္ေဆာင္၌ က်င္းပမည့္ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ခ်ီးျမႇင့္ အပ္ႏွင္းျခင္းအခမ္းအနားကို က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၏ ညႊန္ၾကားခ်က္မ်ား၊ အခမ္းအနားသို႔ တက္ေရာက္မည့္ လူအင္အား ေလၽွာ့ခ်ထားမႈအေျခအေန၊ တက္ေရာက္မည့္ ဧည့္သည္ေတာ္မ်ား အား Social Distancing ႏွင့္အညီ ေနရာခ်ထားနိုင္ေရးအတြက္ စီစဥ္ေဆာင္ရြက္ထားရွိမႈ အေၿခ အေနမ်ားကို ရွင္းလင္း ေျပာၾကားခဲ့သည္။

ယင္းအစည္းအေဝးသို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးတင္ျမင့္၊ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံး၊ အျမဲတမ္းအတြင္းဝန္ႏွင့္ နိုင္ငံေတာ္သမၼတ႐ုံးမွ ညႊန္ၾကားေရးမႉးခ်ဳပ္မ်ား တက္ေရာက္ၾကၿပီး အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး ဦးေက်ာ္တင္၊ ျပန္ၾကားေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာျမင့္ေထြး၊ ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ေသာင္းထိုက္ေရႊ၊ ဒုတိယဝန္ႀကီး မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ စိုးတင့္နိုင္၊ ဦးခင္ေမာင္ဝင္းႏွင့္ ဦးဝင္းေမာ္ထြန္း၊ တပ္မေတာ္မွအရာရွိႀကီးမ်ား၊ အျမဲ တမ္းအတြင္းဝန္မ်ား၊ ညႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ ဒုတိယရဲခ်ဳပ္(၂)ႏွင့္ တာဝန္ရွိသူမ်ားက Video Conferencing စနစ္ျဖင့္ တက္ေရာက္ေဆြးေႏြးခဲ့ၾကသည္။

#PeopleMedia #လြတ္လပ္ေရးေန႔

(unicode)
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သောအခမ်းအနားများ မကျင်းပမီနှင့် ကျင်းပနေစဉ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် ကြိုတင်စီမံထားမှုအား လျှပ်စစ်နှင့် စွမ်းအင်ဒုဝန်ကြီးက ဒုတိယ သမ္မတဦးမြင့်ဆွေအား တင်ပြ
…………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၄

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သောအခမ်းအနားများ မကျင်းပမီနှင့် ကျင်းပနေစဉ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က ဒုတိယသမ္မတဦးမြင့်ဆွေအား ရှင်းလင်းတင်ပြခဲ့သည်။

၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည် ထောင်စုအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သဘင်ဆောင်၌ ကျင်းပမည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ အခမ်းအနားသို့ တက်ရောက်မည့် လူအင်အား လျှော့ချထားမှုအခြေအနေ၊ တက်ရောက်မည့် ဧည့်သည်တော်များ အား Social Distancing နှင့်အညီ နေရာချထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ အမြဲတမ်းအတွင်းဝန်နှင့် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးဝင်းမော်ထွန်း၊ တပ်မတော်မှအရာရှိကြီးများ၊ အမြဲ တမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂)နှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

#PeopleMedia #လွတ်လပ်ရေးနေ့


Share this post