• Follow Us on

Home (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမယ်လို့ န-စ-က ထုတ်ပြန်

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမယ်လို့ န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၇ (People Media)

 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအ နားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မြန်မာနိုင်ငံတစ်ဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ် ကြောင်း န-စ-ကမှ ဖေဖော်ဝါရီ ၆ ရက်နေ့၌ ထုတ်ပြန်ထားပါတယ်။

 

အဆိုပါအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် နေပြည်တော်ရှိ လူစည်ကားရာ လမ်းဆုံများတွင် ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပြည်ထောင်စု အလံတော်သယ်ဆောင်လာမည့် ရာဇသင်္ဂဟလမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံတော်အလံနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ အထိမ်းအမှတ်ပါအလံများ စိုက်ထူထားခြင်းနှင့် ယင်းလမ်းတစ်လျှောက်ရှိ အဝိုင်းများတွင် လျှပ်စစ်မီးရောင်များ ထွန်းညှိထားမှုများ၊ တိုင်းရင်းသားရုပ်ပုံကား ချပ်များဖြင့် အလှဆင်ထားရှိမှုများဖြင့် အလှဆင်ထားရှိပြီး ရန်ကုန်မြို့၊ မန္တလေးမြို့တို့အပါအဝင် အခြားပြည် နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင်လည်း (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသည့်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

 

#PeopleMedia #ပြည်ထောင်စုနေ့

 

(unicode)


……………………………………………………………

 


 


 


 



Share this post