• Follow Us on
Latest News

Home (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် သီဆိုကပြဖျော်ဖြေကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများကို န.စ.ကဒုဥက္ကဋ္ဌ ကြည့်ရှှုစစ်ဆေး

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် သီဆိုကပြဖျော်ဖြေကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများကို န.စ.ကဒုဥက္ကဋ္ဌ ကြည့်ရှှုစစ်ဆေး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ (People Media)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန် နေ့ ညနေပိုင်းတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ ပြင်ဆင်ဆောင်ရွက်ထားရှိမှု များနှင့် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် သီဆိုကပြဖျော်ဖြေကြမည့် တိုင်းရင်းသား၊ တိုင်းရင်း သူများ၏ ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ရောက်ရှိပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား ရင်း ရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် နေပြည်တော် လေ ဟာပြင်ကဇာတ်ရုံ၌ ၂၀၂၂ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစားစာပွဲအခမ်းအနားတွင် သီဆိုကပြ ဖျော်ဖြေကြမည့် တိုင်းရင်းသား တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်း လေ့ကျင့်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းရင်းသားများ၏ သွေးစည်းချစ်ကြည်မှုသမိုင်းကို မော်ကွန်းအဖြစ် ဖော်ညွှန်ထားသည့် တေးသရုပ်ဖော် ပြဇတ်အပါအဝင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့အလိုက် ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို အစီအစဉ်အလိုက် ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားသည်။

 

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစားစာပွဲ အခမ်းအနားတွင် သွေးစည်းချစ်ကြည် မြန်မာပြည် တေးသရုပ်ဖော်ပြဇာတ်၊ ပြည်ထောင်စုရဲ့ မြောက်ဘက်ဆီသို့ အလည်လာပါ၊ ကယား ကိုးမျိုးစု ပေါင်း၊ ဖွံ့ဖြိုးဝေစည် တို့ဌာနီ၊ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းပါစေ၊ ပြည်ထောင်စုသွေးသား ဗမာဟေ့ ဗမာ၊ ဟင်္သာတို့ ပျော်စံရာမြေ၊ ဆီမီးတစ်ထောင် ကြာသွပ်ပွဲ၊ ချယ်ရီမြေရဲ့ သဘာဝအလှ၊ ပြည်ထောင်စုသွေး စသည့် တေးသီချင်းများဖြင့် တိုင်းရင်းသား တိုင်းရင်းသူများက သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post