• Follow Us on

Home ၇၆ ကြိမ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ပွဲအဖြစ် စစ်လက်နက်ပစ္စည်းများခင်းကျင်းပြသမှု အင်ဒိုနီးရှား သမ္မတ တက်ရောက်ကြည့်ရှု

၇၆ ကြိမ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ပွဲအဖြစ် စစ်လက်နက်ပစ္စည်းများခင်းကျင်းပြသမှု အင်ဒိုနီးရှား သမ္မတ တက်ရောက်ကြည့်ရှု

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၆ (People media)

 

အင်ဒိုနီးရှားအမျိုးသားတပ်မတော် (TNI) ၏ ၇၆ ကြိမ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ပွဲအဖြစ် အမျိုး သားအခြေခံလက်နက်ပြပွဲကို အောက်တိုဘာလ ၅ ရက်နေ့က အင်ဒိုနီးရှားသမ္မတနန်းတော်ရှေ့တွင် ခင်းကျင်း ပြသခဲ့ရာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဂျိုကိုဝီ ဝီဒိုဒို  တက်ရောက်ခဲ့ကြောင်းသိရသည်။

 

အခမ်းအနားသို့ သမ္မတကတော် အီရီယာနာ ဂျိုကိုဝီဒိုဒို၊ ဒုတိယသမ္မ မာရပ်ဖ်အေမင်နှင့် ဒုတိယသမ္မတကတော် ဝူရီမာရပ်ဖ်အေမင်တို့လည်း ဂေါက်ကွင်းသုံးကားငယ်လေးဖြင့် တက်ရောက်ခဲ့ကြသည်။

 

“အင်ဒိုနီးရှားအမျိုးသားတပ်မတော် (TNI) ရဲ့ ၇၆ ကြိမ်မြောက်အထိမ်းအမှတ်အဖြစ် ကျွန်တော်တို့နိုင်ငံရဲ့ Alutsista လက်နက်ထုတ်လုပ်ရေးကထုတ်လုပ်ထားတဲ့ လက်နက်တွေကို ခင်းကျင်းပြသတာဖြစ်ပါတယ်။ ဒီလို ပြသရတဲ့အကြောင်းက လူထုကို ပွင့်လင်းမြင်သာစွာရှင်းပြချင်တာဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်တွေကို ဒီလို လက်နက်တွေဝယ်ယူရာမှာ သုံးစွဲတယ်ဆိုတဲအကြောင်းကို ပြောပြချင်တာဖြစ်ပါတယ်။” ဟု သမ္မတက အောက် တိုဘာ ၅ ရက်နေ့ ပြပွဲတွင်ပြောဆိုခဲ့သည်။

 

ပြပွဲအခမ်းအနားတွင် အင်ဒိုသမ္မတက သမ္မတကတော် အီရီယာနာ ဂျိုကိုဝီဒိုဒိုကို စစ်လက်နက်ပစ္စည်းများတင် ဆောင်ထားသည့်ကားတစ်စီးစီးကို စီးနင်းရန် ကမ်းလှမ်းရင်း ဟာသသဘောပြောဆိုခဲ့သည်။ “ချစ်ဇနီးခင်ဗျာ ဘယ်ယာဉ်ကိုစီးချင်ပါသလဲ။ စစ်သည်တစ်ယောက်ယောက်က မောင်းပေးပါလိမ့်မယ်ခင်ဗျား။” ဟု သမ္မတကြီး ကရယ်မောပြီး ပြောဆိုခဲ့သည်။

 

စစ်လက်နက်ပစ္စည်းနှင့် ယာဉ်အချို့ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သမ္မတဂျိုကိုဝီနှင့် နောက်လိုက်များသည် ပြ ပွဲကို ဆက်လက်လှည့်လည်ကြည့်ရှုရန် ဂေါက်ကားပေါ်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

 

“အင်ဒိုနီးရှားအမျိုးသားတပ်မတော် (TNI) က ခင်းကျင်းပြသထားတဲ့ စစ်လက်နက်ပစ္စည်းပေါင်း အမျိုးအစား ၁၀၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ လူမျိုးအတွက် ဂုဏ်ယူစရာပေါ့။ ဒီစစ်လက်နက်ပစ္စည်းတွေထဲက အများစုဟာ အများပြည်သူရှေ့မှာ ထုတ်ပြလေ့မရှိပါဘူး။” ဟု သမ္မတရုံးအကြီးအကဲ ဟီရူးဘူဒီဟာတိုနိုက အောက်တိုဘာလ ၄ ရက်နေ့က ပြောသည်။

 

ပြပွဲတွင် အပေါ့စားနည်းဗျူဟာယာဉ် Sherpa Light Scout ၂ စီး၊ နည်းဗျူဟာအေနိုရာယာဉ် ၃၅ စီး၊ အင်ဒိုနီး ရှားအပေါ့စားတိုက်ခိုက်ရေးသံချပ်ကာ ၈ စီး၊ Rantis Bushmaster ၂ စီးတို့ကိုခင်းကျင်းပြသခဲ့သည်။

 

P6 ATAV အပေါ့စားတိုက်ခိုက်ရေးယာဉ် ၁၉ စီး၊ Mistral Missiles ပခုံးထမ်းဒုံးပစ်လောင်ချာ ၁၈ လက်၊ MPCV Mistral ဒုံးပစ်လောင်ချာ ၂ လက်၊ MCP radar unit ၄ ခု၊ BTR 4 unit သံချပ်ကာလူငယ်ယာဉ် ၂ စီး၊ Alligator unit ၁ ခု၊ Turangga APC ယာဉ် ၂ စီး၊ RM 70 Vampire MLRS အတွဲလိုက်ပစ်ဒုံးကျည်တင်ယာဉ် ၄ စီး၊ Orlikon Skyshield လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တင်ယာဉ် ၂ စီး၊ MLRS Astros ၄ စီး၊ Armed Caesar 155 MM ယာဉ်တင်အမြောက် ၆ စီး ကိုလည်း ခင်းကျင်းပြသထားသည်။

 

စစ်လက်နက်ပစ္စည်းများခင်းကျင်းပြသထားခြင်းကို လမ်းအသုံးပြုသည့်ပြည်သူများ စိတ်ဝင်တစားရှိမည်ဟု မျှော် လင့်ကြောင်း ဟီရူးဘူဒီဟာတိုနိုကပြောသည်။ “အခုလို ခင်းကျင်းပြသထားတာကို နားလည်ပေးဖို့ မေတ္တာရပ်ခံ လိုပါတယ်။ ပြီးတော့ သမ္မတနန်းတော်နယ်မြေကို ဖြတ်သန်းသွားလာတဲ့အခါ လမ်းပိတ်ထားတဲ့အတွက်လည်း ကျွန်တော်တို့ပြည်သူတွေကို တောင်းပန်ပါတယ်။” ဟု ၎င်းကပြောသည်။

 

Ref: President Visits Military Alutsista Display in 76th TNI Anniversary and Jokowi Visits TNI Alutsista Exhibition, Had Guyon To Iriana KSAD Andika Becomes Driver

 

#PeopleMedia

 

(unicode)


…………………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: President Visits Military Alutsista Display in 76th TNI Anniversary and Jokowi Visits TNI Alutsista Exhibition, Had Guyon To Iriana KSAD Andika Becomes Driver

 

#PeopleMedia


Share this post