• Follow Us on

Home (၇၇) နှစ်မြောက် တပ်မတော်အခမ်းအနားနေ့သို့ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး တက်ရောက်မည်

(၇၇) နှစ်မြောက် တပ်မတော်အခမ်းအနားနေ့သို့ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး တက်ရောက်မည်

Share this post

မြစ်ကြီးနား၊ မတ် ၂၅

 

(၇၇) နှစ်မြောက် တပ်မတော်အခမ်းအနားနေ့တွင် ရုရှားနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander V. Fomin တက်ရောက်သွားမည်ဖြစ်သည်။

 

ရုရှားကာကွယ်ရေးဒုဝန်ကြီးသည် မတ်လ ၂၇ ရက်နေ့၌ ကျင်းပပြုလုပ်မည့်  တပ်မတော်အခမ်းအနားသို့ တက်ရောက်ရန် မတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော်သို့ လာရောက်သွားမည်ဖြစ်သည်။

 

(၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ရုရှားနိုင်ငံထုတ် SU-30SME တိုက်လေယာဉ် တစ်စီးကို ရုရှားလေယာဉ်မှူးများကိုယ်တိုင် သရုပ်ပြမောင်းနှင်သွားမည်ဖြစ်ပြီး အဆိုပါ သရုပ်ပြပွဲကို ရုရှား ကာကွယ်ရေးဒုဝန်ကြီး ကိုယ်တိုင်တက်ရောက်ကြည့်ရှု့သွားမည်ဖြစ်သည်။

 

(unicode)


…………………………………………

 


 


 


 



Share this post