• Follow Us on

Home ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒါလီချောင်းကူးတံတားအား အကြမ်းဖက်များမှ ထပ်မံမိုင်းခွဲဖျက်ဆီး

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒါလီချောင်းကူးတံတားအား အကြမ်းဖက်များမှ ထပ်မံမိုင်းခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုကျေးရွာအနီး ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွလမ်းရှိ ဒါလီ ချောင်းကူးတံတားအား အကြမ်းဖက်သမားများမှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထပ်မံ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာကျေးရွာ အနီး ကြာအင်ဆိပ်ကြီး-ချောင်းနှစ်ခွလမ်း၊ KM 9 နှင့် KM 10 ကြားရှိ ဒါလီချောင်းကူးတံတားအား အကြမ်း ဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွား ခဲ့ရာ အလျား ၁၈၈ ပေ အနံ ၁၆ ပေခန့်ရှိ သံဘောင်တံတားတစ်ခြမ်းပြိုကျပျက်စီးခဲ့ပြီး၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် အဆိုပါတံတားသို့ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦး ခန့်က ထပ်မံရောက်ရှိလာပြီး ကျန်ရှိနေသည့် တံတားတစ်ခြမ်းအား ထပ်မံမိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တံတားတစ်ခြမ်းထပ်မံပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

 

အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက အများ ပြည်သူပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 

#PeopleMedia


Share this post