• Follow Us on

Home ၾသဂုတ္လ ၂၇ ရက္ေန႔မွ စတင္ကာ တစ္ျပည္နယ္လုံးရွိ ေက်ာင္းမ်ား ယာယီ ပိတ္သိမ္းမည္

ၾသဂုတ္လ ၂၇ ရက္ေန႔မွ စတင္ကာ တစ္ျပည္နယ္လုံးရွိ ေက်ာင္းမ်ား ယာယီ ပိတ္သိမ္းမည္

Share this post

ျမစ္ႀကီးနား၊ ၾသဂုတ္လ ၂၆

ျပည္တြင္း၌ ျပန္လည္ျဖစ္ပြားလာသည့္ ကိုဗစ္ – ၁၉ ေရာဂါ အေျခအေနေၾကာင့္ ၾသဂုတ္ ၂၇ ရက္ေန႔မွ စတင္ကာ တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား ယာယီပိတ္သိမ္းသြားမည္ ျဖစ္ရာ ကခ်င္ျပည္နယ္ရွိ စာသင္ေက်ာင္းမ်ားကိုလည္း ပိတ္သိမ္းသြားရမည္ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ပညာေရးမွဴး႐ုံးမွ သိရသည္။

ကိုဗစ္ ၁၉ ကူးဆက္ျမန္ေရာဂါ ဒုတိယလႈိင္း စတင္သျပဳေနသည့္အတြက္ တစ္ႏိုင္ငံလုံးရွိ ဖြင့္လွစ္ထားသည့္ အေျခခံပညာေက်ာင္းမ်ား ယာယီပိတ္သိမ္းရန္ ပညာေရးမွဴး႐ုံး၊ ေနျပည္ေတာ္ ႐ုံးခ်ဳပ္မွ ဖုန္းဆက္ ၫႊန္ၾကားထားေၾကာင္း သိရသည္။

“ကိုဗစ္ႏိုင္တင္း ေရာဂါက ျပန္လည္စတင္လာၿပီျဖစ္တယ္ ေရာဂါကူးဆက္ႏႈန္းလဲမ်ားလာၿပီ၊ ေနျပည္ေတာ္ ႐ုံးခ်ဳပ္က ဖုန္းဆက္ၫႊန္ၾကားထားတယ္၊ တရားဝင္စာေတာ့ မထုတ္ေသးဘူး”ဟု ကခ်င္ျပည္နယ္ ပညာေရးမွဴး႐ုံး၊လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးရဲေအာင္က ေျပာသည္။

ကခ်င္ျပည္နယ္တြင္ လက္ရွိ ဖြင့္လွစ္ထားသည့္ အေျခခံပညာ အထက္တန္း ေက်ာင္းေပါင္း ၁၉၄ ေက်ာင္းအထိ ဖြင့္လွစ္ထားေၾကာင္း သိရသည္။

ေဝယံ

#PeopleMedia #ပညာေရး

(unicode)
ဩဂုတ်လ ၂၇ ရက်နေ့မှ စတင်ကာ တစ်ပြည်နယ်လုံးရှိ ကျောင်းများ ယာယီ ပိတ်သိမ်းမည်
…………………………………………………

မြစ်ကြီးနား၊ ဩဂုတ်လ ၂၆

ပြည်တွင်း၌ ပြန်လည်ဖြစ်ပွားလာသည့် ကိုဗစ် – ၁၉ ရောဂါ အခြေအနေကြောင့် ဩဂုတ် ၂၇ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ယာယီပိတ်သိမ်းသွားမည် ဖြစ်ရာ ကချင်ပြည်နယ်ရှိ စာသင်ကျောင်းများကိုလည်း ပိတ်သိမ်းသွားရမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကိုဗစ် ၁၉ ကူးဆက်မြန်ရောဂါ ဒုတိယလှိုင်း စတင်သပြုနေသည့်အတွက် တစ်နိုင်ငံလုံးရှိ ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများ ယာယီပိတ်သိမ်းရန် ပညာရေးမှူးရုံး၊ နေပြည်တော် ရုံးချုပ်မှ ဖုန်းဆက် ညွှန်ကြားထားကြောင်း သိရသည်။

“ကိုဗစ်နိုင်တင်း ရောဂါက ပြန်လည်စတင်လာပြီဖြစ်တယ် ရောဂါကူးဆက်နှုန်းလဲများလာပြီ၊ နေပြည်တော် ရုံးချုပ်က ဖုန်းဆက်ညွှန်ကြားထားတယ်၊ တရားဝင်စာတော့ မထုတ်သေးဘူး”ဟု ကချင်ပြည်နယ် ပညာရေးမှူးရုံး၊လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်က ပြောသည်။

ကချင်ပြည်နယ်တွင် လက်ရှိ ဖွင့်လှစ်ထားသည့် အခြေခံပညာ အထက်တန်း ကျောင်းပေါင်း ၁၉၄ ကျောင်းအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

ဝေယံ

#PeopleMedia #ပညာရေး


Share this post