• Follow Us on

Home သြစတေးလျလေတပ် E-7 Wedgetail လေယာဉ်များဝယ်ယူရန် စဉ်းစားနေ

သြစတေးလျလေတပ် E-7 Wedgetail လေယာဉ်များဝယ်ယူရန် စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၂ (People Media)

 

သြစတေးလျလေတပ်သည် ဘိုးရင်းကုမ္ပဏီထုတ် အေဝပ်လေယာဉ် E-3 Sentry Airborne Warning and Control System (AWACS) များကိုအစားထိုးရန်အတွက် ၂၀၂၃ ခုနှစ် ဘတ်ဂျက်နှစ်တွင် E-7 Wedgetail လေယာဉ်များဝယ်ယူရန် စဉ်းစားနေကြောင်း သိရသည်။

 

“ကျွန်တော်တို့ အသေးစိတ်ဆန်းစစ်လေ့လာမှုတွေလုပ်နေပါတယ်။ E-7 လေယာဉ်ဟာ တကယ်ကောင်းမွန်တဲ့ လေယာဉ်ပါ။ ဒီလေယာဉ်ကို တော်ဝင်သြစတေးလျလေတပ်မှာအသုံးပြုနေပါတယ်။ တော်ဝင်လေတပ်အနေနဲ့ အဲဒီလေယာဉ်တချို့ကို ထပ်ဝယ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။” ဟု စစ်ဦးစီးအရာရှိချုပ် စီကြူဘရောင်းက သတင်း ထောက်များကို ပြောသည်။

 

ဘိုးရင်းကုမ္ပဏီသည် တော်ဝင်သြစတေးလျလေတပ်အတွက် Wedgetail လေယာဉ်များကို ၁၉၉၉ ခုနှစ်တွင် ကန်ထရိုက်စာချုပ်ချုပ်ဆို၍ ထုတ်လုပ်ခဲ့သည်။ ကုမ္ပဏီသည် ပထမဦးဆုံးလေယာဉ်တာဝန်ထမ်းဆောင်သည့် ၂၀၀၉ ခုနှစ်ကတည်းက သြစတေးလျလေတပ်မှ လေယာဉ်များကို အဆင့်မြင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်းတို့ကိုဆောင်ရွက်ပေးခဲ့သည်။ ဗြိတိန်နိုင်ငံက E-7 လေယာဉ် ၅ စင်းဝယ်ယူရန် စီစဉ်ထားကြောင်း ၂၀၁၉ ခု နှစ် မတ်လအတွင်းကကြေညာခဲ့သော်လည်း ၃ စီးသာဝယ်ယူတော့မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်မတ်လတွင် ကြေညာခဲ့သည်။

 

သြစတေးလျလေတပ် စစ်ဦးစီးအရာရှိချုပ် စီကြူဘရောင်းက ၎င်းအနေဖြင့် လေယာဉ်စွမ်းရည်နှင့်ပတ်သက်၍ သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ လေတပ်အကြီးအကဲများနှင့် စကားပြောပြီးပြီဖြစ်ကြောင်း၊ သို့သော် ဘတ်ဂျက် ကိစ္စဆုံးဖြတ်ချက်ချပြီးနောက်တွင် ကုမ္ပဏီက လေတပ်အတွက် လေယာဉ်ကို မည်ကဲ့သို့  စတင် ထုတ်လုပ်မည် ဆိုသည်ကို ဘိုးရင်းကုမ္ပဏီနှင့် မဆွေးနွေးရသေးကြောင်း ပြောသည်။

 

အာကာသတပ်ဖွဲ့အကြီးအကဲဗိုလ်ချုပ်ကြီး ဂျေရေမန် မေလ အတွင်းက ပထမဦးဆုံးအကြိမ်ပြောခဲ့သလို စစ် ခေါင်းဆောင်များသည် ရွေ့လျားနေသောပစ်မှတ်များကို ခြေရာခံနိုင်ရန် ၎င်းတို့၏စစ်ဆင်ရေးကို မြေပြင်မှသည် အာကာသအခြေစိုက်စနစ်များရှိရာသို့ ပြောင်းရွှေ့ချင်နေကြကြောင်း ဘရောင်းကပြောသည်။ “အနာဂတ်ကို မျှော်ကြည့်လိုက်တဲ့အခါ ခုခံကာကွယ်နိုင်တဲ့စွမ်းရည်အကြောင်းကို စဉ်းစားချင်ကြမှာပါပဲ။” ဟု ၎င်းကပြော သည်။

 

သို့သော် Wedgetail လေယာဉ်များက ကြားကာလလစ်ဟာမှုကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ လေတပ်၏ ဆန်းစစ်လေ့လာမှုက အေဝပ် AWACS လေယာဉ်များ၏ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်သည့်အဆင့်နှင့် ပြုပြင်ထိန်းသိမ်းစရိတ်မည်မျှကုန်ကျမည်ကို စဉ်းစားတွက်ချက်နေရကြောင်း၊ သို့ဖြစ်၍  E-7 လေယာဉ်ကို ထည့် သွင်းစဉ်းစားနေကြောင်း ဘရောင်းကပြောသည်။

 

လေတပ်က အာကာသအခြေစိုက်စခန်းကို စောင့်မျှော်နေချိန်တွင် Wedgetail လေယာဉ်များကို ပိုင်ဆိုင်ထား ခြင်းသည် နည်းလမ်းတစ်ခုရရှိခြင်းဖြစ်ကြောင်း၊ ယင်းနည်းလမ်းမှာ ကြိုတင်ပြင်ဆင်မှုမရှိဘဲ အလုပ်သစ်တစ်ခု ကိုစလုပ်ခြင်းထက် ပိုမိုလျင်မြန်သည့် စွမ်းရည်တစ်ခုကိုပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

Ref: Brown: Air Force Serious About E-7 Wedgetail

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Brown: Air Force Serious About E-7 Wedgetail

 

#PeopleMedia


Share this post