• Follow Us on

Home သြစတေးလျနှင့် တောင်ကိုရီးယား ဒေါ်လာ ၁ ဘီလျံတန် စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးစာချုပ်ချုပ်ဆို

သြစတေးလျနှင့် တောင်ကိုရီးယား ဒေါ်လာ ၁ ဘီလျံတန် စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးစာချုပ်ချုပ်ဆို

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃ (People Media)

 

ဝန်ကြီးချုပ်စကော့မောရစ်ဆန်နှင့် သမ္မတမွန်ဂျေးအင်တို့ ကင်ဘာရာမြို့တွင် ဆွေးနွေးနေစဉ်အတွင်း သြစတေး လျနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အမေရိကန်ဒေါ်လာ ၁ ဘီလျံတန် စစ်လက်နက်ပစ္စည်းရောင်းဝယ် ရေးစာချုပ်ကို ဒီဇင်ဘာ ၁၃ ရက်နေ့က ချုပ်ဆိုလိုက်ကြသည်။

 

စာချုပ်အရ တောင်ကိုရီးယားစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ဟန်ဝှာကုမဏီသည် ယာဉ်တင်ဟောက်ဝစ်ဇာ အမြောက် အစီး ၃၀၊ ခဲယမ်းထောက်ပံ့ရေးယာဉ် ၁၅ စီးနှင့် ရေဒါများကို ရောင်းချပေးသွားမည်ဖြစ်သည်။

 

စာချုပ်အရဆောင်ရွက်မည့်အစီအစဉ်ထဲတွင် တောင်ကိုရီးယားကုမဏီနှင့် ဗစ်တိုးရီးယားပြည်နယ်ဂျီးလောင်းမြို့ ရှိ ဖက်ဒရယ်အစိုးတို့တို့ပူးပေါင်း၍ သုတေသနဌာနအသစ် (Centre of Excellence) ဆောက်လု့ပ်ရန်လည်း ပါ ဝင်သည်။

 

သြစတေးလျနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး အနှစ် ၆၀ မြောက်နှစ်ပတ်လည်နေ့နှင့် ပတ်သက်၍ ပြောကြားရာတွင် နှစ်နိုင်ငံဆက်ဆံရေးမှာခိုင်မာလျက်ရှိကြောင်း မစ္စတာမောရစ်ဆန်ကပြောသည်။

 

“လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကို နှစ်နိုင်ငံ ကိုင်တွယ်ဆောင်ရွက်တဲ့အခါ ကျွန်တော်တို့နိုင်ငံတွေ့ကို ထောက်ပံ့ ရာမှာ ဟန်ဝှာကုမဏီနဲ့ ချုပ်ဆိုလိုက်တဲ့ဒီစာချုပ်က (စစ်လက်နက်ပစ္စည်း) ထုတ်လုပ်မှုဆိုင်ရာပူးပေါင်းဆောင် ရွက်မှုတန်ဖိုးကို သရုပ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။” ဟု မစ္စတာမောရစ်ဆန်ကပြောသည်။

 

“ဗစ်တိုးရီးယားပြည်နယ်ဂျီးလောင်းမြို့မှာရှိတဲ့ သုတေသနဌာနအသစ် (Centre of Excellence) မှာ သံချပ်ကာ ကားတွေထုတ်လုပ်သွားမယ့်အစီအစဉ်မှာလည်း ကျွန်တော်တို့အနေနဲ့ ဟန်ဝှာကုမဏီနဲ့ပူးပေါင်းဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ မဟာဗျူဟာမြောက်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းကို ထူထောင်သွား မှာဖြစ်သလို သြစတေးလျစီးပွားရေးလုပ်ငန်းအနေနဲ့ ပြည်ပပို့ကုန်အခွင့်အလမ်းသစ်တွေရရှိအောင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

 

တောင်ကိုရီးယားနှင့်ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်မှာ အနည်းဆုံး လူဦးရေ ၃၀၀ အတွက် အလုပ်အကိုင်အ ခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း မောရစ်ဆန်ကပြောသည်။

 

Ref: Australia and South Korea sign $1 billion defence deal

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Australia and South Korea sign $1 billion defence deal

 

#PeopleMedia


Share this post