• Follow Us on

Home သြစတေးလျနှင့် ရေငုပ်သင်္ဘောရောင်းဝယ်ရေးစာချုပ်ပျက်သွားပြီးနောက် အမေရိကန်နှင့် သြစတေးလျရှိ သံအမတ်များကို ပြင်သစ်အစိုးရ ပြန်လည်ခေါ်ယူ

သြစတေးလျနှင့် ရေငုပ်သင်္ဘောရောင်းဝယ်ရေးစာချုပ်ပျက်သွားပြီးနောက် အမေရိကန်နှင့် သြစတေးလျရှိ သံအမတ်များကို ပြင်သစ်အစိုးရ ပြန်လည်ခေါ်ယူ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၈ (People Media)

 

ဒေါ်လာဘီလျံပေါင်းများစွာရရှိနိုင်မည့် ရေငုပ်သင်္ဘောရောင်းဝယ်ရေးသဘောတူညီချက်ကို ပျက်ပြားသွားစေ သည့် အမေရိကန်၊ ဗြိတိန်၊ သြစတေးလျတို့၏ သုံးပွင့်ဆိုင်သဘောတူညီချက်ကြောင့် ပြင်သစ်နိုင်ငံက ဒေါသ ထွက်ပြီး အမေရိကန်ပြည်ထောင်စုနှင့် သြစတေးလျနိုင်ငံရှိ ပြင်သစ်သံအမတ်များကို ပြန်လည်ခေါ်ယူခဲ့သည်။

 

ပြင်သစ်နှင့် အမေရိကန်တို့သည် ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲကိစ္စအပါအဝင် အခြားနိုင်ငံတကာရေးရာများ၌  သ ဘောထားကွဲလွဲခဲ့ကြဖူးသော်လည်း ယခုကဲ့သို့ပြင်သစ်သံအမတ်ကိုပြန်လည်ခေါ်ယူသည်အထိ ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း ပြင်သစ်သံတမန်များကပြောသည်။

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်တို့နဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ရာတွင် နျူ ကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများဝယ်ယူမည့်အစီအစဉ်ကို သြစတေးလျဝန်ကြီးချုပ်စကော့မာရီဆန်က ထုတ်ဖော်ပြောကြားလိုက်ပြီးနောက် နှစ်ရက်အကြာတွင် ပြင်သစ်ထံမှ မမျှော်လင့်သောဆုံးဖြတ်ချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။ သုံးပွင့်ဆိုင်မဟာမိတ်ဖွဲ့စည်းလိုက်ခြင်းသည် သြစတေးလျနှင့် ပြင်သစ်နိုင်ငံတို့ ချုပ်ဆိုထား သော သမရိုးကျရေငုပ်သင်္ဘော ၁၂ စီး ရောင်းဝယ်ရေးသတောတူညီချက်ကို ပျက်ပြားသွားစေခဲ့သည်။

 

သုံးပွင့်ဆိုင်မဟာမိတ်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ “မဟာမိတ်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများကြား လက်မခံနိုင် သောအပြုအမူဖြစ်ကြောင်း၊ နောက်ဆက်တွဲဆိုးကျိုးများမှာ ကျွန်ုပ်တို့၏ မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ ၏ သဘောထားခံယူချက်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင်းအရေးပါမှုကို ထိခိုက်ကြောင်း” ပြင်သစ်နိုင်ငံခြားရေးဝန် ကြီးယာအိလိုသဂီယန်က သြဂုတ်လ ၁၇ ရက်နေ့က ကြေညာချက်တွင်ထုတ်ပြန်ခဲ့သည်။

 

ဗြိတိန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် အမ်မလီဟွန်းက “ပြင်သစ်သံအမတ် အေတီယာနာ ကိုပြန်ခေါ်တာနဲ့ပတ်သက်ပြီး အကြံပေးဖို့အတွက် ကျွန်မတို့ရဲ့မိတ်ဖက်နိုင်ငံ ပြင်သစ်နဲ့ နီးနီးကပ်ကပ် ဆက် သွယ်မှုရှိနေပါတယ်။ သူတို့ရဲ့ရပ်တည်မှုကို ကျွန်မတို့နားလည်ပါတယ်။ မတူကွဲပြားမှုတွေကို ဖြေရှင်းဖို့ လာမယ့် ရက်တွေမှာ ကျွန်မတို့ ဆက်လက်ဆက်သွယ်ဆောင်ရွက်သွားမှာပါ။” ဟု သောကြာနေ့ကထုတ်ပြန်ကြေညာ ချက်တွင် ပြောဆိုခဲ့သည်။

 

သြစတေးလျနိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့် ဆက်ဆံရေးကို တန်ဖိုးထားကြောင်း၊ ယခုသီတင်းပတ်အတွင်း ကြေညာခဲ့သည့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများဝယ်ယူရန် ဆုံးဖြတ်ချက်သည် အမျိုးသားလုံခြုံ ရေးအကျိုးစီးပွားအတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မရီးပန်းန်က ထုတ်ပြန်ချက်တွင် ဖော်ပြပြောဆိုခဲ့သည်။

 

ပြင်သစ်ထံမှ သမရိုးကျရေငုပ်သင်္ဘောများ ဝယ်ယူရန် သြစတေးလျနိုင်ငံကပျက်ကွက်ခဲ့ခြင်းသည်  ပြင်သစ် သမ္မတအီမယ်နျူရယ်မက်ခရွန်ကို အထိနာစေခဲ့ခြင်းဖြစ်သည်။ ဇွန်လအတွင်းက G-7 ခုနစ်နိုင်ငံအစည်းအဝေးပြု လုပ်ပြီးနောက် ပြင်သစ်သမ္မတမက်ခရွန်က ဗြိတိန်ဝန်ကြီးချုပ်မာရီဆန်ကို ပဲရစ်မြို့သို့ဖိတ်ခေါ်၍ နိုင်ငံပိုင် ရေ တပ်အုပ်စုနှင့်ပတ်သက်သည့် စာချုပ်အကြောင်းဆွေးနွေးခဲ့သည်။

 

Ref: France recalls its ambassador to America for first time over submarine deal that went wrong

 

#PeopleMedia

 

(unicode)


……………………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: France recalls its ambassador to America for first time over submarine deal that went wrong

 

#PeopleMedia


Share this post