• Follow Us on

Home သြစတြေးလျစစ်သင်္ဘောများ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ဖိလစ်ပိုင်နိုင်ငံသို့ ဆိုက်ရောက်

သြစတြေးလျစစ်သင်္ဘောများ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ဖိလစ်ပိုင်နိုင်ငံသို့ ဆိုက်ရောက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၈ (People Media)

 

တော်ဝင်သြစတြေးလျရေတပ်မှ စစ်သင်္ဘောသုံးစင်းမှာ ယနေ့ မနီလာမြို့တော်၌ ဆိုက်ကပ်ခဲ့ကြောင်း ဖိလစ်ပိုင်ရေတပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

 

သြစတြေးလျစစ်သင်္ဘောများက အိန္ဒိယ-ပစိဖိတ်အင်ဒီဗား (IPE) ၂၀၂၁ တွင်ပါဝင်ရန် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

 

IPE ဆိုသည်မှာ အာရှ-ပစိဖိတ်ဒေသ၌ လုံခြုံရေးနှင့် တည်ငြိမ်မှုမြှင့်တင်ရန် သြစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်ပြုလုပ်သည့် ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ဖြစ်သည်။

 

အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံစုံထိတွေ့မှု၊ လေ့ကျင့်ရေးနှင့် စွမ်းဆောင်ရည်တည်ဆောက်ရေးတို့ လည်း ပါဝင်သည်။

 

စစ်ရေးလေ့ကျင့်မှုအတွင်း ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှုများနှင့် ပင်လယ်ပြင်အတွင်း သတင်းအချက် အလက်များဖလှယ်ရေးတို့လည်း ပြုလုပ်သွားမည်ဖြစ်သည်။

 

သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က သုံးနိုင်ငံ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ် ရပ် လက်မှတ်ရေးထိုးပြီးနောက် ယခုစစ်ရေးလေ့ကျင့်မှုက သြစတြေးလျနှင့် ဖိလစ်ပိုင်တို့ကြား ပထမဆုံး ပူးတွဲရေ တပ်လေ့ကျင့်မှု ဖြစ်လာမည်ဖြစ်သည်။

 

အဆိုပါသဘောတူညီချက်က ပြီးခဲ့သောဆယ်စုနှစ်အတွင်း အင်အားကြီးသုံးနိုင်ငံက လက်မှတ်ရေးထိုးခဲ့ သည့် အကြီးမားဆုံးသော အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုဖြစ်သည်။

 

ဖိလစ်ပိုင်နှင့် သြစတြေးလျနိုင်ငံတို့က နှစ်နိုင်ငံကြား လေ့ကျင့်ရေးနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည့် အပြန်အလှန်ထောက်ပံ့ပို့ဆောင်ရေး သဘောတူညီချက်ကို ပြီးခဲ့သောသြဂုတ်လအတွင်း လက်မှတ်ရေးထိုးခဲ့ သည်။

 

ကိုးကား – ရတ်ပလာ

 

Ref; Australian ships dock in Manila for joint exercises with PH Navy

 

#PeopleMedia #EPN

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref; Australian ships dock in Manila for joint exercises with PH Navy

 

#PeopleMedia #EPN


Share this post