• Follow Us on

Home ၾသစႀတီးယားနိုင္ငံ၌ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ပြားရာ သုံးဦး ေသဆုံးၿပီး ၁၅ ဦး ဒဏ္ရာရရွိ

ၾသစႀတီးယားနိုင္ငံ၌ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ပြားရာ သုံးဦး ေသဆုံးၿပီး ၁၅ ဦး ဒဏ္ရာရရွိ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၃
ၾသစႀတီးယားနိုင္ငံ ဗီယင္နာၿမိဳ႕ေတာ္၌ ယမန္ေန႔ညေနပိုင္းက အၾကမ္းဖက္တိုက္ခိုက္မႈတစ္ခု ျဖစ္ပြားခဲ့ ရာ လူသုံးဦး ေသဆုံးခဲ့ၿပီး ၁၅ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက အတည္ျပဳေျပာၾကားသည္။
ေသဆုံးသူသုံးဦးအနက္ ႏွစ္ဦးက အမ်ိဳးသားမ်ားျဖစ္ၿပီး တတိယေျမာက္က အမ်ိဳးသမီးတစ္ဦးျဖစ္ ေၾကာင္း၊ ဒဏ္ရာရရွိသူမ်ားတြင္ ရဲအရာရွိတစ္ဦး ပါဝင္ေၾကာင္း ဗီယင္နာရဲတပ္ဖြဲ႕က ယေန႔ တြစ္တာလူမႈကြန္ရက္ ၌ ေျပာၾကားခဲ့သည္။
တိုက္ခိုက္မႈကို ရဲတပ္ဖြဲ႕မ်ား၏ အေသပတ္သတ္ခံခဲ့ရသည့္ သံသယရွိသူတစ္ဦးက လုပ္ေဆာင္ခဲ့ေၾကာင္း ဗီယင္နာရဲတပ္ဖြဲ႕က ဆိုသည္။
တိုက္ခိုက္မႈက်ဴးလြန္သူက အိုင္အက္စ္အဖြဲ႕ဝင္တစ္ဦးျဖစ္ေၾကာင္း ၾသစႀတီးယား ျပည္ထဲေရးဝန္ႀကီး ကားလ္နီဟန္းမားက ဗီယင္နာၿမိဳ႕ေတာ္၌က်င္းပသည့္ သတင္းစာရွင္းလင္းပြဲတစ္ခု၌ ေျပာၾကားသည္။
အျခား သံသယရွိသူတစ္ဦး လြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း ၄င္းက ေျပာၾကားၿပီး အိမ္တြင္းေနၾကရန္ႏွင့္ အမ်ားျပည္သူပိုင္ေနရာမ်ား မသြားေရာက္ၾကရန္ ျပည္သူမ်ားသို႔ တိုက္တြန္းခဲ့သည္။
ကိုးကား – အနာဒိုလူ
Ref; 3 dead, 15 wounded in Austria terror attack
(unicode)
သြစတြီးယားနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားရာ သုံးဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိ
……………………………………………………
နိုင်ငံတကာ၊ အောက်တိုဘာ ၃
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်၌ ယမန်နေ့ညနေပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ ရာ လူသုံးဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားသည်။
သေဆုံးသူသုံးဦးအနက် နှစ်ဦးက အမျိုးသားများဖြစ်ပြီး တတိယမြောက်က အမျိုးသမီးတစ်ဦးဖြစ် ကြောင်း၊ ဒဏ်ရာရရှိသူများတွင် ရဲအရာရှိတစ်ဦး ပါဝင်ကြောင်း ဗီယင်နာရဲတပ်ဖွဲ့က ယနေ့ တွစ်တာလူမှုကွန်ရက် ၌ ပြောကြားခဲ့သည်။
တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့များ၏ အသေပတ်သတ်ခံခဲ့ရသည့် သံသယရှိသူတစ်ဦးက လုပ်ဆောင်ခဲ့ကြောင်း ဗီယင်နာရဲတပ်ဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုကျူးလွန်သူက အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သြစတြီးယား ပြည်ထဲရေးဝန်ကြီး ကားလ်နီဟန်းမားက ဗီယင်နာမြို့တော်၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားသည်။
အခြား သံသယရှိသူတစ်ဦး လွတ်မြောက်နေဆဲဖြစ်ကြောင်း ၄င်းက ပြောကြားပြီး အိမ်တွင်းနေကြရန်နှင့် အများပြည်သူပိုင်နေရာများ မသွားရောက်ကြရန် ပြည်သူများသို့ တိုက်တွန်းခဲ့သည်။
ကိုးကား – အနာဒိုလူ
Ref; 3 dead, 15 wounded in Austria terror attack


Share this post