• Follow Us on

Home ၿခိမ္းေျခာက္မႈမ်ားကို တန္ျပန္ပိုင္ခြင့္ရွိၿပီး ရန္သူကို မေၾကာက္႐ြံ႕ဟု ထိုင္ဝမ္တပ္မေတာ္ ေျပာ

ၿခိမ္းေျခာက္မႈမ်ားကို တန္ျပန္ပိုင္ခြင့္ရွိၿပီး ရန္သူကို မေၾကာက္႐ြံ႕ဟု ထိုင္ဝမ္တပ္မေတာ္ ေျပာ

Share this post

နိုင္ငံတကာ၊ စက္တင္ဘာ ၂၁

ၿပီးခဲ့သည့္အပတ္က ထိရွလြယ္ေသာ ထိုင္ဝမ္ေရလက္ၾကားအနီး ဂ်က္တိုက္ေလယာဥ္မ်ား ေစလႊတ္ခဲ့ သည့္ တ႐ုတ္နိုင္ငံအား သတိေပးသည့္အေနျဖင့္ ထိုင္ဝမ္လက္နက္ကိုင္တပ္ဖြဲ႕အေနျဖင့္ ကိုယ့္ကိုကိုယ္ ခုခုံကာ ကြယ္ပိုင္ခြင့္ႏွင့္ ၿခိမ္းေျခာက္မႈမ်ားကို တန္ျပန္ပိုင္ခြင့္ရွိေၾကာင္း ထိုင္ဝမ္က ယေန႕ ေျပာၾကားလိုက္သည္။

တိုင္ဝမ္ႏွင့္ ဒီမိုကေရစီက်င့္သုံးသည့္ ထိုင္ဝမ္က ယင္း၏ပိုင္နက္နယ္ေျမျဖစ္ၿပီး လိုအပ္ပါက အင္အား အသုံးျပဳ၍ သိမ္းယူမည္ဟု ေျပာၾကားခဲ့သည့္ တ႐ုတ္နိုင္ငံၾကား မၾကာေသးမီလမ်ားအတြင္း တင္းမာမႈမ်ား သိ သိသာသာ ျမင့္တက္လာခဲ့သည္။

ၿပီးခဲ့သည့္ ေသာၾကာႏွင့္စေနေန႕တို႔တြင္ တ႐ုတ္ဂ်က္တိုက္ေလယာဥ္ အေျမာက္အမ်ားက ထိုင္ဝမ္ေရ လက္ၾကားအနီးႏွင့္ ေလေၾကာင္းကာကြယ္ေရးဇုန္အတြင္း ဝင္ေရာက္ခဲ့ရာ ထိုင္ဝမ္တိုက္ေလယာဥ္မ်ားက ၾကား ျဖတ္ဟန့္တားခဲ့ရၿပီး သမၼတ ဆိုင္အင္ဝမ္က တ႐ုတ္နိုင္ငံသည္ ေဒသတြင္းအတြက္ ၿခိမ္းေျခာက္မႈတစ္ရပ္ဟု ေျပာၾကားခဲ့သည္။

ထိုင္ဝမ္တပ္မေတာ္အေနျဖင့္ ကိုယ့္ကိုကိုယ္ ခုခံကာကြယ္ခြင့္ႏွင့္ တိုက္ခိုက္မႈကိုတန္ျပန္ခြင့္ရွိေၾကာင္း၊ ပဋိပကၡအရွိန္မျမႇင့္ေရး လမ္းၫႊန္ခ်က္ႏွင့္ တိုက္ခိုက္မႈမ်ားမျဖစ္ပြားေရးကို လိုက္နာခဲ့ေၾကာင္း ထိုင္ဝမ္ ကာ ကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။

ထိုင္ဝမ္က ရန္စမႈမျပဳလုပ္ေသာ္လည္း မည္သည့္ရန္သူကိုမွ် ေၾကာက္႐ြံ႕မည္မဟုတ္ဟု ထုတ္ျပန္ခ်က္ က ဆိုသည္။ အေမရိကန္ထိပ္တန္းသံတမန္တစ္ဦး၏ တိုင္ေပခရီးစဥ္ေၾကာင့္ ၿပီးခဲ့သည့္အပတ္အတြင္း တ႐ုတ္ တပ္မေတာ္က စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့သည္။

ထိုင္ဝမ္ကြၽန္းသို႔ အေမရိကန္နိုင္ငံ၏ အရွိန္ျမႇင့္ ပံ့ပိုးကူညီမႈမ်ားက တင္းမာမႈမ်ားျဖစ္ပြားေနသည့္ တ ႐ုတ္နိုင္ငံအား အမ်က္ထြက္ေစခဲ့သည္။

ထိုင္ဝမ္ႏွင့္ တရားဝင္ သံတမန္ဆက္ဆံေရး မရွိေသာ္လည္း အဆိုပါကြၽန္း၏ အႀကီးမားဆုံးေသာ ပံ့ပိုး ကူညီသူျဖစ္သည့္ အေမရိကန္နိုင္ငံက ထိုင္ဝမ္သို႔ လက္နက္သစ္မ်ားေရာင္းခ်ရန္ စီစဥ္လ်က္ရွိသည္။

တ႐ုတ္နိုင္ငံက ထိုင္ဝမ္ကြၽန္းအနီး ပမာဏႀကီးမားေသာ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့ရာ ျပင္းထန္ ေသာ ရန္စမႈတစ္ခုဟု ထိုင္ဝမ္က ေခၚဆိုခဲ့သည္။ အခ်ဳပ္အျခာအာဏာကို ကာကြယ္ေစာင့္ေရွာက္ရန္ စစ္ေရး ေလ့က်င့္မႈျပဳလုပ္ျခင္းက လိုအပ္သည္ဟု တ႐ုတ္နိုင္ငံက ေျပာၾကားခဲ့သည္။

–ကိုးကား–
ရိုက္တာ
Ref; Taiwan military says it has right to counter attack amid China threats

[Unicode]
ခြိမ်းခြောက်မှုများကို တန်ပြန်ပိုင်ခွင့်ရှိပြီး ရန်သူကို မကြောက်ရွံ့ဟု ထိုင်ဝမ်တပ်မတော် ပြော

နိုင်ငံတကာ၊ စက်တင်ဘာ ၂၁

ပြီးခဲ့သည့်အပတ်က ထိရှလွယ်သော ထိုင်ဝမ်ရေလက်ကြားအနီး ဂျက်တိုက်လေယာဉ်များ စေလွှတ်ခဲ့ သည့် တရုတ်နိုင်ငံအား သတိပေးသည့်အနေဖြင့် ထိုင်ဝမ်လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ကိုယ့်ကိုကိုယ် ခုခုံကာ ကွယ်ပိုင်ခွင့်နှင့် ခြိမ်းခြောက်မှုများကို တန်ပြန်ပိုင်ခွင့်ရှိကြောင်း ထိုင်ဝမ်က ယနေ့ ပြောကြားလိုက်သည်။

တိုင်ဝမ်နှင့် ဒီမိုကရေစီကျင့်သုံးသည့် ထိုင်ဝမ်က ယင်း၏ပိုင်နက်နယ်မြေဖြစ်ပြီး လိုအပ်ပါက အင်အား အသုံးပြု၍ သိမ်းယူမည်ဟု ပြောကြားခဲ့သည့် တရုတ်နိုင်ငံကြား မကြာသေးမီလများအတွင်း တင်းမာမှုများ သိ သိသာသာ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့် သောကြာနှင့်စနေနေ့တို့တွင် တရုတ်ဂျက်တိုက်လေယာဉ် အမြောက်အများက ထိုင်ဝမ်ရေ လက်ကြားအနီးနှင့် လေကြောင်းကာကွယ်ရေးဇုန်အတွင်း ဝင်ရောက်ခဲ့ရာ ထိုင်ဝမ်တိုက်လေယာဉ်များက ကြား ဖြတ်ဟန့်တားခဲ့ရပြီး သမ္မတ ဆိုင်အင်ဝမ်က တရုတ်နိုင်ငံသည် ဒေသတွင်းအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်တပ်မတော်အနေဖြင့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခွင့်နှင့် တိုက်ခိုက်မှုကိုတန်ပြန်ခွင့်ရှိကြောင်း၊ ပဋိပက္ခအရှိန်မမြှင့်ရေး လမ်းညွှန်ချက်နှင့် တိုက်ခိုက်မှုများမဖြစ်ပွားရေးကို လိုက်နာခဲ့ကြောင်း ထိုင်ဝမ် ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်က ရန်စမှုမပြုလုပ်သော်လည်း မည်သည့်ရန်သူကိုမျှ ကြောက်ရွံ့မည်မဟုတ်ဟု ထုတ်ပြန်ချက် က ဆိုသည်။ အမေရိကန်ထိပ်တန်းသံတမန်တစ်ဦး၏ တိုင်ပေခရီးစဉ်ကြောင့် ပြီးခဲ့သည့်အပတ်အတွင်း တရုတ် တပ်မတော်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်ကျွန်းသို့ အမေရိကန်နိုင်ငံ၏ အရှိန်မြှင့် ပံ့ပိုးကူညီမှုများက တင်းမာမှုများဖြစ်ပွားနေသည့် တ ရုတ်နိုင်ငံအား အမျက်ထွက်စေခဲ့သည်။

ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း အဆိုပါကျွန်း၏ အကြီးမားဆုံးသော ပံ့ပိုး ကူညီသူဖြစ်သည့် အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ လက်နက်သစ်များရောင်းချရန် စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး ပမာဏကြီးမားသော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာ ပြင်းထန် သော ရန်စမှုတစ်ခုဟု ထိုင်ဝမ်က ခေါ်ဆိုခဲ့သည်။ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် စစ်ရေး လေ့ကျင့်မှုပြုလုပ်ခြင်းက လိုအပ်သည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။

–ကိုးကား–
ရိုက်တာ
Ref; Taiwan military says it has right to counter attack amid China threats


Share this post