• Follow Us on

Home ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အသုံးပြုရန် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကန်ဒေါ်လာ (၅) သိန်း ထောက်ပံ့

ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အသုံးပြုရန် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကန်ဒေါ်လာ (၅) သိန်း ထောက်ပံ့

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၀ (People Media)

 

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့  အမေရိကန်ဒေါ်လာ (၅) သိန်းကို ထောက်ပံ့ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။

 

အခမ်းအနားတွင် သံအမတ်ကြီး Mr. Chen Hai က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းရခြင်းအကြောင်းရင်းကို ပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုကော်မတီအဆင့်ဆင့်သို့ အမေရိကန်ဒေါ်လာ ၃ သိန်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC) သို့ အမေရိကန်ဒေါ်လာ ၂ သိန်း ပေးအပ်လှူဒါန်းရာ ကော်မတီဥက္ကဋ္ဌဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် သံအမတ်ကြီး Mr.Chen Hai တို့ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

 

#PeopleMedia #တရုတ်-မြန်မာ #Peace

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post