• Follow Us on

Home ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေး နိုင်ငံရေးပါတီများပါဝင်သော အစုအဖွဲ့တစ်ခု ဖွဲ့စည်းသွားရန် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခဲ့

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေး နိုင်ငံရေးပါတီများပါဝင်သော အစုအဖွဲ့တစ်ခု ဖွဲ့စည်းသွားရန် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခဲ့

Share this post

နေပြည်တော်၊ အောက်တိုဘာ ၉ (People Media)

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ညှိနှိုင်းကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ ဆွေးနွေးချက်များအရ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများပါဝင်သော အစုအဖွဲ့တစ်ခုအား ထပ်မံဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါကဲ့သို့ ဖွဲ့စည်းရာတွင် နိုင်ငံရေးပါတီများ၏ တင်ပြချက်များအပေါ် မူတည်၍ ပြန်လည်စိစစ်မှုများပြုလုပ်၍ ရွေးချယ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးမှ သိရသည်။

 

“အခုက ကော်မတီတစ်ရပ်အနေနဲ့ ဖွဲ့စည်းပေးမယ်လို့တော့ ဆွေးနွေးဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းမှာ နိုင်ငံရေး ပါတီတွေလည်း ပါဝင်ပါမယ်” ဟု လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။

 

ယင်းသို့ နိုင်ငံရေးပါတီများအား တွေ့ဆုံမှုပြုလုပ်ရခြင်းသည် ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပြန်လည်စတင်နိုင်ရေးအတွက် ကနဦးဖွဲ့စည်းခြင်းလည်းဖြစ်ကြောင်းဆိုသည်။

 

“နိုင်ငံရေးပါတီအစုအဖွဲ့က ယခင်ကတော့ UPDJ အဖွဲ့ဝင်ပေါ့၊ ဒီကနေ့မှာ ဘယ်လိုပုံစံမျိုးနဲ့ တွေ့ရှိမလဲ ဆိုတာကတော့ မသိဘူး” ဟု လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ညှိနှိုင်းကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို နိုင်ငံရေးပါတီ ၂၀ ကျော်ဖိတ်ကြားခဲ့သော်လည်း ၁၈ ပါတီသာ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #NSPNC #ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်

 

(unicode)


…………………………………………………………………………….

 


 


 


 


 


 


 


 

Photo – Credit

 



Share this post