• Follow Us on

Home ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံ၊ ငြိမ်း ချမ်းရေးကိစ္စရပ်များ ဆွေးနွေး

ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံ၊ ငြိမ်း ချမ်းရေးကိစ္စရပ်များ ဆွေးနွေး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ (People Media)

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ယမန်နေ့ နံနက်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးကိစ္စ ရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုစုပေါင်း (၉)ဖွဲ့မှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြကြောင်း သိရသည်။

 

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌက တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားမှုအခြေအနေ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကိစ္စများ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများ၊ နှစ်ဖက်ဆက်လက် တွေ့ဆုံညှိနှိုင်းရေးကိစ္စများ၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်း ရေး လုပ်ငန်းကိစ္စများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စား လှယ်များမှ တစ်ဖွဲ့ချင်းစီ၏ သဘောထားများကို အလွတ်သဘော ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် ညှိနှိုင်းရေးကော်မတီသည် တက်ရောက်လာကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအားလုံးအား သီးခြားစီတွေ့ဆုံကာ နယ်မြေတည်ငြိမ်အေးချမ်းရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး လက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia #Peace

 

(unicode)


…………………………………………………………………………..

 


 


 


 


 


 

#PeopleMedia #Peace


Share this post