• Follow Us on

Home ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် (SSPP) တို့ တွေ့ဆုံ၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများ ဆွေးနွေး

ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် (SSPP) တို့ တွေ့ဆုံ၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများ ဆွေးနွေး

Share this post

နေပြည်တော်၊ ဧပြီ ၁

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) မှ ကိုယ်စားလှယ်များသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြရာ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ရှိငြိမ်းချမ်းရေးဆောင်ရွက်နေမှု၊ အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်း ချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ကြိုတင်သတ်မှတ်ချက်များမရှိဘဲ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှု၊ အပစ်အခတ်ရပ်စဲထားမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ပဋိပက္ခများ လျှော့ချနိုင်ရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို တွေ့ဆုံညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များကို ပြောကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ -၂ က တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိသည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးရေး၊ ဒေသတည်ငြိမ်အေး ချမ်းရေးနှင့် လုံခြုံမှုရရှိရေးအတွက် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုပိုမိုတည်ဆောက်နိုင်ရေး၊ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးညှိနှုှိင်းပြီး အခက်အခဲအတားအဆီးများ ကျော်လွှားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။

 

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှုှိင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကော်မတီအဖွဲဝင်များနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ အတွင်းရေးမှူး(၂) စဝ်စိုင်းဆု၊ ဗဟိုကော်မတီဝင် စဝ်နော်လိတ်နှင့် စဝ်သန်းအောင်တို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

 

(unicode)


……………………………………

 


 


 


 


 


 



Share this post