• Follow Us on

Home ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၁ (People Media)

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစု အဖွဲ့၏ အလုပ်အဖွဲ့တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီ ဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်း အိုက်ပေါင်းနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

 

ယင်းနောက် ၂၀၂၀ ပြည့်နှစ်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ညှိနှိုင်းပြင်ဆင် ဆောင်ရွက်ခဲ့ သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နှစ်ဖက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့သည်။

 

#PeopleMedia #Peace

 

(unicode)


………………………………………………………………

 


 


 


 


 

#PeopleMedia #Peace


Share this post