• Follow Us on

Home ၿပီးခဲ့သည့္ ၁၀ ႏွစ္အတြင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားမ်ား နယ္စပ္တြင္ေသဆံုးမႈအမ်ားဆံုးအျဖစ္ ၂၀၂၀ ျပည့္ႏွစ္ရပ္တည္ေန

ၿပီးခဲ့သည့္ ၁၀ ႏွစ္အတြင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားမ်ား နယ္စပ္တြင္ေသဆံုးမႈအမ်ားဆံုးအျဖစ္ ၂၀၂၀ ျပည့္ႏွစ္ရပ္တည္ေန

Share this post

ဒါကာ၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ျပည့္ႏွစ္တြင္ အိႏၵိယနယ္ျခားေစာင့္တပ္ဖြဲ႕၀င္မ်ားေၾကာင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားမ်ားေသဆံုးမႈသည္ ၿပီးခဲ့သည့္ ဆယ္ႏွစ္အတြင္း အမ်ားဆံုးျဖစ္ေနသည္။

နယ္စပ္တြင္ေသဆံုးမႈမ်ားကို သုညအထိေလွ်ာ့ခ်မည္ဟု အိႏိၵယႏိုင္ငံက ထပ္ကာထပ္ကာကတိျပဳေနေသာ္လည္း ေသဆံုးမႈမ်ား႐ွိေနျခင္းျဖစ္သည္။

ဇန္နဝါရီ ၁ ရက္မွ ဒီဇင္ဘာ ၁၆ ရက္အတြင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံသား အနည္းဆံုး ၄၅ ေယာက္ကို အိႏၵိယနယ္စပ္လံုၿခံဳေရး တပ္ဖြဲ႕မ်ားက အေသပစ္သတ္ျခင္း၊ ႏွိပ္စက္သတ္ျဖတ္ျခင္းမ်ား႐ွိခဲ့သည္။

၂၀၁၀ ျပည့္ႏွစ္ေနာက္ပိုင္း နယ္စပ္တြင္ေသဆံုးမႈမ်ားေလ်ာ့က်ခဲ့ေသာ္လည္း ၂၀၁၉ ခုႏွစ္တြင္ အိႏၵိယနယ္ျခားေစာင့္တပ္ဖြဲ႔က ဘဂၤလားေဒ့႐ွ္ႏိုင္ငံသား ၄၃ ေယာက္ကိုသတ္ခဲ့သည္ဟု လူ႔အခြင့္အေရးကာကြယ္ေရးအဖြဲ႕မ်ားထံမွရသည့္အခ်က္အလက္မ်ား အရသိရသည္။

၂၀၀၉ ခုႏွစ္တြင္ ၆၆ ေယာက္၊ ၂၀၁၀ ျပည့္ႏွစ္တြင္ ၅၅ ေယာက္၊ ၂၀၁၁ ႏွင့္ ၂၀၁၂ ခုႏွစ္တြင္ ၂၄ ေယာက္၊ ၂၀၁၃ ခုႏွစ္တြင္ ၁၈ ေယာက္၊ ၂၀၁၄ ခုႏွစ္တြင္ ၂၄ ေယာက္၊ ၂၀၁၅ ခုႏွစ္တြင္ ၃၈ ေယာက္၊ ၂၀၁၆ ခုႏွစ္တြင္ ၂၅ ေယာက္၊ ၂၀၁၇ ခုႏွစ္တြင္ ၁၇ ေယာက္ႏွင့္ ၂၀၁၈ ခုႏွစ္တြင္ ၃ ေယာက္သာေသဆံုးခဲ့သည္ဟု ၂၀၁၉ ခုႏွစ္က လႊတ္ေတာ္တြင္ ဘဂၤလားေဒ့႐ွ္ျပည္ထဲေရး၀န္ႀကီး ကေျပာသည္။

ထိုပမာဏထဲတြင္ နယ္စပ္တြင္ အိႏိၵယလံုၿခံဳေရးအဖြဲ႕ေၾကာင့္ ဒဏ္ရာရသူမ်ားမပါ၀င္ေခ်။

Ref : Bangladesh sees highest border deaths in 10 years

#PeopleMedia

(unicode)
ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ နယ်စပ်တွင်သေဆုံးမှုအများဆုံးအဖြစ် ၂၀၂၀ ပြည့်နှစ်ရပ်တည်နေ
…………………………………………….

ဒါကာ၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသေဆုံးမှုသည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း အများဆုံးဖြစ်နေသည်။

နယ်စပ်တွင်သေဆုံးမှုများကို သုညအထိလျှော့ချမည်ဟု အိန္ဒိယနိုင်ငံက ထပ်ကာထပ်ကာကတိပြုနေသော်လည်း သေဆုံးမှုများရှိနေခြင်းဖြစ်သည်။

ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အနည်းဆုံး ၄၅ ယောက်ကို အိန္ဒိယနယ်စပ်လုံခြုံရေး တပ်ဖွဲ့များက အသေပစ်သတ်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နယ်စပ်တွင်သေဆုံးမှုများလျော့ကျခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ယောက်ကိုသတ်ခဲ့သည်ဟု လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့များထံမှရသည့်အချက်အလက်များ အရသိရသည်။

၂၀၀၉ ခုနှစ်တွင် ၆၆ ယောက်၊ ၂၀၁၀ ပြည့်နှစ်တွင် ၅၅ ယောက်၊ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်တွင် ၂၄ ယောက်၊ ၂၀၁၃ ခုနှစ်တွင် ၁၈ ယောက်၊ ၂၀၁၄ ခုနှစ်တွင် ၂၄ ယောက်၊ ၂၀၁၅ ခုနှစ်တွင် ၃၈ ယောက်၊ ၂၀၁၆ ခုနှစ်တွင် ၂၅ ယောက်၊ ၂၀၁၇ ခုနှစ်တွင် ၁၇ ယောက်နှင့် ၂၀၁၈ ခုနှစ်တွင် ၃ ယောက်သာသေဆုံးခဲ့သည်ဟု ၂၀၁၉ ခုနှစ်က လွှတ်တော်တွင် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး ကပြောသည်။

ထိုပမာဏထဲတွင် နယ်စပ်တွင် အိန္ဒိယလုံခြုံရေးအဖွဲ့ကြောင့် ဒဏ်ရာရသူများမပါဝင်ချေ။

Ref : Bangladesh sees highest border deaths in 10 years

#PeopleMedia


Share this post