• Follow Us on

Home ၿဗိတိန္တြင္ ေနာက္ထပ္ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲတမ်ိဳးထပ္ေတြ႕

ၿဗိတိန္တြင္ ေနာက္ထပ္ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲတမ်ိဳးထပ္ေတြ႕

Share this post

လန္ဒန္၊ ဒီဇင္ဘာ ၂၄

ၿဗိတိန္တြင္ ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲေနာက္တခုထပ္ေတြ႕ေၾကာင္း ၿဗိတိန္က်န္းမာေရးဝန္ႀကီး မတ္ ဟန္ေကာ့က ဗုဒၶဟူးေန႔တြင္ေျပာသည္။

ထိုဗိုင္းရပ္စ္ကူးစက္ထားသူ ၂ ေယာက္ေတြ႕ေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ ဝန္ႀကီးကေျပာသည္။

အဆိုပါ ၂ ေယာက္စလံုးသည္ ၿပီးခဲ့သည့္တပတ္တြင္ ေတာင္အာဖရိကႏိုင္ငံမွ ျပန္လာသူမ်ားျဖစ္သည္။

မၾကာေသးမီက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားျမင့္တက္လာျခင္းသည္ ထိုဗိုင္းရပ္စ္ေၾကာင့္ျဖစ္ေၾကာင္း ေတာင္အာဖရိကက်န္းမာေရးဌာနက ၿပီးခဲ့သည့္တပတ္တြင္ေၾကညာခဲ့သည္။

ၿဗိတိန္တြင္ ပံုမွန္ထက္ ၇၀ ရာခိုင္ႏႈန္းကူးစက္မႈျမန္ဆန္သည့္ကို႐ိုနာဗိုင္းရပ္စ္ဗီဇေျပာင္းမ်ိဳးကြဲကူးစက္မႈကို ဟန္႔တားႏိုင္ရန္ ႀကိဳးစားေနၿပီး ထိုမ်ိဳးကြဲအေပၚေလ့လာမႈမ်ားျပဳလုပ္ေနသည္။

လက္႐ွိကူးစက္မႈမ်ားျဖစ္လာၿပီးေနာက္ ေတာင္အာဖရိကႏွင့္ၿဗိတိန္တို႔သို႔သြားသူႏွင့္ျပန္လာသူမ်ားကို ကမာၻ႔ႏိုင္ငံ အမ်ားအျပားက တားျမစ္လိုက္သည္။

Ref : Another new variant of COVID-19 virus found in the UK: Health minister

#PeopleMedia

(unicode)
ဗြိတိန်တွင် နောက်ထပ်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတမျိုးထပ်တွေ့
…………………………………….

လန်ဒန်၊ ဒီဇင်ဘာ ၂၄

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲနောက်တခုထပ်တွေ့ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ် ဟန်ကော့က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

ထိုဗိုင်းရပ်စ်ကူးစက်ထားသူ ၂ ယောက်တွေ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးကပြောသည်။

အဆိုပါ ၂ ယောက်စလုံးသည် ပြီးခဲ့သည့်တပတ်တွင် တောင်အာဖရိကနိုင်ငံမှ ပြန်လာသူများဖြစ်သည်။

မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်လာခြင်းသည် ထိုဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်း တောင်အာဖရိကကျန်းမာရေးဌာနက ပြီးခဲ့သည့်တပတ်တွင်ကြေညာခဲ့သည်။

ဗြိတိန်တွင် ပုံမှန်ထက် ၇၀ ရာခိုင်နှုန်းကူးစက်မှုမြန်ဆန်သည့်ကိုရိုနာဗိုင်းရပ်စ်ဗီဇပြောင်းမျိုးကွဲကူးစက်မှုကို ဟန့်တားနိုင်ရန် ကြိုးစားနေပြီး ထိုမျိုးကွဲအပေါ်လေ့လာမှုများပြုလုပ်နေသည်။

လက်ရှိကူးစက်မှုများဖြစ်လာပြီးနောက် တောင်အာဖရိကနှင့်ဗြိတိန်တို့သို့သွားသူနှင့်ပြန်လာသူများကို ကမ္ဘာ့နိုင်ငံ အများအပြားက တားမြစ်လိုက်သည်။

Ref : Another new variant of COVID-19 virus found in the UK: Health minister

#PeopleMedia


Share this post