• Follow Us on
Latest News

Home ၿဗိတိန္နိုင္ငံက ဒီဇင္ဘာ ၈ ရက္မွစ၍ ကိုဗစ္ကာကြယ္ေဆးထိုးေရး အစီအစဥ္ စတင္မည္

ၿဗိတိန္နိုင္ငံက ဒီဇင္ဘာ ၈ ရက္မွစ၍ ကိုဗစ္ကာကြယ္ေဆးထိုးေရး အစီအစဥ္ စတင္မည္

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၆
ၿဗိတိန္အစိုးရက လာမည့္အဂၤါေန႔မွစ၍ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးထိုးေရး အစီအစဥ္ စတင္မည္ ျဖစ္သည္။
အေမရိကန္ေဆးဝါးကုမၸဏီ ဖိုက္ဇာႏွင့္ ဂ်ာမနီေဆးဝါးလုပ္ငန္း ဘိုင္အိုအန္တက္ခ်္တို႔ ပူးတြဲထုတ္လုပ္ သည့္ ကိုဗစ္ကာကြယ္ေဆးတစ္မ်ိဳးကို ၿဗိတိန္အစိုးရက အတည္ျပဳခဲ့သည္။
ကိုဗစ္ကာကြယ္ေဆးမ်ားကို ထုတ္လုပ္ၿပီး အရည္အေသြးစစ္ေဆးကာ လုံျခဳံေသာေနရာမ်ား၌ သိုေလွာင္ ထားသည့္ ဘယ္လ္ဂ်ီယမ္နိုင္ငံမွ ေပးပို႔ျခင္းျဖစ္သည္။
အပူခ်ိန္ အႏႈတ္ ၇၀ ဒီဂရီဆဲစီးယပ္စ္ခန္႔ လိုအပ္သည့္ ကိုဗစ္ကာကြယ္ေဆးမ်ား သိုေလွာင္နိုင္ေသာ အ ေဆာက္အအုံမ်ားရွိရာ ၿဗိတိန္နိုင္ငံရွိ ေဆး႐ုံ ၅၀ ၌ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ကနဦး ရရွိမည္ျဖစ္သည္။
သက္ႀကီးေဂဟာမွ ဝန္ထမ္းမ်ား၊ အသက္ ၈၀ ေက်ာ္ ျပည္သူမ်ားႏွင့္ ဗိုင္းရပ္စ္တိုက္ဖ်က္ေရးတြင္ ေရွ႕ တန္းမွပါဝင္ေနသည့္ က်န္းမာေရးဝန္ထမ္းမ်ားကို ဦးစားေပး၍ ကာကြယ္ေဆးထိုးေပးမည္ျဖစ္သည္။
လိုအပ္သူမ်ားကို ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးရန္ လုပ္ေဆာင္ေနေၾကာင္း ၿဗိတိန္အစိုးရက ေျပာသည္။ ေဆး႐ုံမ်ားရွိ ကာကြယ္ေဆးထိုးရာေနရာမ်ားက မနက္ျဖန္တြင္ ကာကြယ္ေဆးမ်ား အရင္ဆုံး ရရွိမည္ျဖစ္သည္။
ကိုးကား – အန္အိတ္ခ်္ေက
Ref; UK to begin COVID vaccination on Tuesday
(unicode)
ဗြိတိန်နိုင်ငံက ဒီဇင်ဘာ ၈ ရက်မှစ၍ ကိုဗစ်ကာကွယ်ဆေးထိုးရေး အစီအစဉ် စတင်မည်
…………………………………………………………….
နိုင်ငံတကာ၊ ဒီဇင်ဘာ ၆
ဗြိတိန်အစိုးရက လာမည့်အင်္ဂါနေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရေး အစီအစဉ် စတင်မည် ဖြစ်သည်။
အမေရိကန်ဆေးဝါးကုမ္ပဏီ ဖိုက်ဇာနှင့် ဂျာမနီဆေးဝါးလုပ်ငန်း ဘိုင်အိုအန်တက်ချ်တို့ ပူးတွဲထုတ်လုပ် သည့် ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ဗြိတိန်အစိုးရက အတည်ပြုခဲ့သည်။
ကိုဗစ်ကာကွယ်ဆေးများကို ထုတ်လုပ်ပြီး အရည်အသွေးစစ်ဆေးကာ လုံခြုံသောနေရာများ၌ သိုလှောင် ထားသည့် ဘယ်လ်ဂျီယမ်နိုင်ငံမှ ပေးပို့ခြင်းဖြစ်သည်။
အပူချိန် အနှုတ် ၇၀ ဒီဂရီဆဲစီးယပ်စ်ခန့် လိုအပ်သည့် ကိုဗစ်ကာကွယ်ဆေးများ သိုလှောင်နိုင်သော အ ဆောက်အအုံများရှိရာ ဗြိတိန်နိုင်ငံရှိ ဆေးရုံ ၅၀ ၌ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ကနဦး ရရှိမည်ဖြစ်သည်။
သက်ကြီးဂေဟာမှ ဝန်ထမ်းများ၊ အသက် ၈၀ ကျော် ပြည်သူများနှင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ရှေ့ တန်းမှပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး၍ ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။
လိုအပ်သူများကို ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးရန် လုပ်ဆောင်နေကြောင်း ဗြိတိန်အစိုးရက ပြောသည်။ ဆေးရုံများရှိ ကာကွယ်ဆေးထိုးရာနေရာများက မနက်ဖြန်တွင် ကာကွယ်ဆေးများ အရင်ဆုံး ရရှိမည်ဖြစ်သည်။
ကိုးကား – အန်အိတ်ချ်ကေ
Ref; UK to begin COVID vaccination on Tuesday


Share this post