• Follow Us on

Home ဗြိတိန်နိုင်ငံ လီဗာပူးမြို့တွင် ကားဗုံးခွဲမှု ဖြစ်ပွား၊ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်

ဗြိတိန်နိုင်ငံ လီဗာပူးမြို့တွင် ကားဗုံးခွဲမှု ဖြစ်ပွား၊ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၅ (People Media)

 

ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော လီဗာပူးမြို့တွင် နိုဝင်ဘာ ၁၄ ရက်က ကားဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး အခြား ၁ ဦး ဒဏ်ရရာရှိခဲ့ကြောင်း သိရသည်။

 

အခင်းဖြစ်ရပ်အား ဗြိတိန် အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ပါဝင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူ ၃ ဦး အား ဖမ်းဆီးခဲ့သည်။

 

နိုဝင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် ၁၁ နာရီခန့်က လီဗာပူးမြို့လယ်ခေါင်ရှိ ဆေးရုံတစ်ခုပြင်ပတွင် အငှားယာဉ် တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လိုက်ပါစီးနှင်းလာသည့် ခရီးသည် သေဆုံးပြီး အငှားယာဉ်မောင်း ဒဏ်ရာရရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။ ဒဏ်ရာရသူအား ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရာ အသက်အန္တရာယ် မရှိကြောင်း ဆိုသည်။

 

အခင်းဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ဆေးရုံတစ်ဝိုက်တွင် သတိပေးစည်းမျဉ်းများ တားဆီးကာ ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယခုအကြိမ်ဖြစ်ပွားသည့် ကားဗုံးခွဲမှုကို အကြမ်းဖက်ဖြစ်ရပ်ဟု မသတ်မှတ်နိုင်သေးကြောင်း၊ သို့သော် သတိ ပြုသည့်အနေဖြင့် ဗြိတိန်အကြမ်းဖက်တိုက်ဖျက်ရေးရဲတပ်ဖွဲ့က ပါဝင် ဦးဆောင်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လက်ရှိတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အသက် ၂၁ နှစ်မှ ၂၉ နှစ်အရွယ်အမျိုးသား ၃ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 

(Xinhua)

 



Share this post