• Follow Us on

Home ဗြိတိန်မှ မျိုးကွဲအပါအဝင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများကိုစစ်ဆေးရာတွင် ရလဒ်မှားထွက်တတ်ကြောင်း အမေရိကန် FDA ထုတ်ပြန်

ဗြိတိန်မှ မျိုးကွဲအပါအဝင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများကိုစစ်ဆေးရာတွင် ရလဒ်မှားထွက်တတ်ကြောင်း အမေရိကန် FDA ထုတ်ပြန်

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၉

ဗြိတိန်တွင်စတွေ့သည့်တမျိုးအပါအဝင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများသည် တချို့သောမော်လီကျူးစမ်းသပ်မှု များ၌ ရောဂါပိုးကူးစက်မှုမရှိဟု ရလဒ်မှားယွင်းထွက်တတ်ကြောင်း အမေရိကန်အစားအစာနှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲမှုဌာန(FDA) က သောကြာနေ့တွင် သတိပေးသည်။

သို့သော် စမ်းသပ်မှုအားလုံးကို မျိုးဗီဇပြောင်းလဲမှုအန္တရာယ်သက်ရောက်နိုင်ခြင်းပမာဏနည်းကြောင်းလည်း ရှင်းပြသည်။

ဓာတ်ခွဲခန်းဝန်ထမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို အသိပေးထားပြီး ကူးစက်ကြောင်းသံသယ ရှိသေးပါက လက်တွေ့ကုသနေသည့်ရလဒ်များနှင့်ချိန်ညှိကာ နောက်ထပ်နည်းလမ်းတခုဖြင့် ပြောင်းလဲစမ်းသပ် သင့်ကြောင်းလည်း အကြံပေးသည်။

ဗြိတိန်မှပိုမိုကူးစက်လွယ်သည့်မျိုးကွဲသည် အမေရိကန်ပြည်နယ် ၅ ခုသို့ရောက်ရှိနေကြောင်း အမေရိကန်အမျိုး သားကျန်းမာရေးအင်စတီကျူ့ညွှန်ကြားရေးမှူး ဖရန်စစ် ကောလင်းက ယခုတပတ်အတွင်းပြောသည်။

သာမိုဖစ်ရှာကုမ္ပဏီ၏ TaqPath စမ်းသပ်ပစ္စည်းနှင့် Applied DNA Sciences ကုမ္ပဏီ၏ လီနီယာစမ်း သပ်ပစ္စည်းများသည် ထိုမျိုးကွဲများကို အာရုံခံနိုင်စွမ်းလျော့နည်းနေကြောင်းတွေ့ရှိရသည်ဟု FDA ကပြောသည်။

သို့သော်လည်း စောစောစစ်ဆေးပါက အထောက်အကူဖြစ်ကြောင်းပြောသည်။

Ref : COVID-19 virus variants may lead to false negative results with some molecular tests: FDA

#PeopleMedia

(unicode)
……………………………………………………………








Ref : COVID-19 virus variants may lead to false negative results with some molecular tests: FDA

#PeopleMedia


Share this post