• Follow Us on

Home ဗြိတိန်အစိုးရ၏ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုကြောင့် ချဲလ်ဆီးအသင်းအား ရောင်းချခွင့်မရတော့

ဗြိတိန်အစိုးရ၏ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုကြောင့် ချဲလ်ဆီးအသင်းအား ရောင်းချခွင့်မရတော့

Share this post

နိုင်ငံတကာ၊ မတ် ၁၁

 

ဗြိတိန်အစိုးရမှ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ တရားဝင် ချမှတ်လိုက်ပြီးနောက် ရိုမန် အေဘရာမိုဗစ်ချ် ဟာ ချဲလ်ဆီးအသင်းကို ရောင်းချခွင့်ရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

 

ကနဦးမှာ ယင်း ရုရှားဘီလျံနာဟာ မတ်လ ၁၅ ရက်နေ့မတိုင်ခင် ချဲလ်ဆီးအသင်းကို အပြီးသတ်ရောင်းချဖို့ လျာထားခဲ့ပေမယ့်၊ အခုအခါမှာ ဒီအစီအစဉ်တွေဟာ Sanction ကြောင့် တရားဝင် ပျက်ပြယ်သွားပြီဖြစ်ပါတယ်။

 

နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ချဲလ်ဆီးအသင်းဟာ အနာဂတ် မသေချာမရေရာမှုတွေနဲ့ ရင်ဆိုင်နေရပြီး၊ ဘောလုံးနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းစဉ် အားလုံးပိတ်ဆို့ခံလိုက်ရတာဖြစ်လို့၊ အနီးစပ်ဆုံးအနေနဲ့ ယနေ့ ည နောဝှစ်ချ်နဲ့ ပွဲအတွက် လက်မှတ်ရောင်းချမှု ရပ်တန့်လိုက်ရပြီဖြစ်ပါတယ်။

 

ယနေ့ည နောဝှစ်ချ် – ချဲလ်ဆီး ပွဲသာမက၊ လက်ကျန်ရာသီ ချဲလ်ဆီးရဲ့ ပွဲအားလုံးကို တရာသီစာ လက်မှတ် ဖြတ်ထားတဲ့ ပရိသတ်တွေသာ ဝင်ရောက်ကြည့်ရှုခွင့် ရတော့မှာဖြစ်လို့၊ ချဲလ်ဆီးအသင်းရဲ့ အနာဂတ် ကွင်း တွင်းပရိသတ်အင်အားဟာ သိသိသာသာ လျော့ကျဖို့ ရှိနေပါတယ်။

 

#EPN

 

(unicode)


…………………………………..

 


 


 


 


 


 

#EPN


Share this post