• Follow Us on

Home ၿဗိတိန္ေလေၾကာင္းအလုပ္အကိုင္ ေနရာတစ္ေသာင္းေက်ာ္ေလ်ာ့ခ်ရန္ စီစဥ္

ၿဗိတိန္ေလေၾကာင္းအလုပ္အကိုင္ ေနရာတစ္ေသာင္းေက်ာ္ေလ်ာ့ခ်ရန္ စီစဥ္

Share this post

၂၀၂၀၊ ဧၿပီ – ၂၉

ကိုရိုနာဗိုင္းရပ္စ္ကာလ ေလေၾကာင္းျဖင့္ ခရီးသြားလာမႈက်ဆင္းလာသျဖင့္ အဓိကက်ေသာ ယူေကေလ ေၾကာင္းလိုင္းျဖစ္သည့္ ၿဗိတိန္ေလေၾကာင္း (BA) က အလုပ္အကိုင္ေနရာ ၁၂၀၀၀ ေလ်ာ့ခ်ရန္ စီစဥ္လ်က္ ရွိသည္။

ဇန္နဝါရီလမွ မတ္လအထိ ပထမသုံးလတာအတြင္း လုပ္ငန္းလည္ပတ္မႈ ဆုံးရွုံးမႈပမာဏ ယူရို ၅၃၅ သန္းအထိ ရွိခဲ့ေၾကာင္း ၿဗိတိန္ေလေၾကာင္း (BA) ၏ မိခင္ကုမၸဏီ International Airlines Group (IAG) က ေၾကညာခဲ့ သည္။ ဒုတိယသုံးလတာအတြင္း လုပ္ငန္းလည္ပတ္မႈဆုံးရွုံးမႈသိသိသာသာ ပို၍ဆိုးလာမည္ဟု IAG က ေျပာ ၾကားခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ႏွင့္ ႏွိုင္းယွဥ္လ်င္ ဧၿပီလႏွင့္ ေမလအတြင္း ခရီးသြားမ်ား ပို႔ေဆာင္မႈပမာဏကို ၉၄ ရာခိုင္ႏႈန္း ေလ်ာ့ခ်ခဲ့ၿပီး မရွိမျဖစ္လိုအပ္ေသာ ခရီးသြားလာမႈႏွင့္ ေနရပ္ျပန္ပို႔ေရး ခရီးစဥ္မ်ားကိုသာ ေျပးဆြဲေပးခဲ့ေၾကာင္း IAG က ဆိုသည္။

၂၀၁၉ ခုႏွစ္ကဲ့သို႔ ေလေၾကာင္းျဖင့္ ခရီးသြားလာမႈအဆင့္မ်ား ျပန္လည္ေရာက္ရွိရန္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ မည္ဟု ေမၽွာ္မွန္းထားရာ ကုန္သြယ္ေရးသမဂၢမ်ားႏွင့္ ျပန္လည္တည္ေဆာက္ေရးႏွင့္ ပိုလွ်ံေရးအစီအစဥ္တစ္ခု ေစ့စပ္ညႇိႏွိုင္းေနေၾကာင္း IAG က ထုတ္ေဖာ္ေျပာခဲ့သည္။

IAG က ဝန္ထမ္းမ်ား နားေနခြင့္ျပဳရန္ အစိုးရ၏ အလုပ္အကိုင္ ဆက္လက္ထားရွိေရး အစီအစဥ္တစ္ရပ္ကို အသုံးျပဳခဲ့သည္။ နဂိုအေျခအေနျပန္ေရာက္ရွိရန္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ႏုိင္ရာ IAG က အုပ္စုလိုက္ ျပန္ လည္တည္ေဆာက္ေရး အစီအမံမ်ားျပ႒ာန္းရန္ လိုအပ္မည္ျဖစ္သည္။

ကိုးကား ။ ။ အင္န္အိတ္ခ်္ေက

Ref; British Airways plans to slash up to 12,000 jobs

#PeopleMedia #British

(Unicode)
ဗြိတိန်လေကြောင်းအလုပ်အကိုင် နေရာတစ်သောင်းကျော်လျော့ချရန် စီစဉ်
……………………………………………………

၂၀၂၀၊ ဧပြီ – ၂၉

ကိုရိုနာဗိုင်းရပ်စ်ကာလ လေကြောင်းဖြင့် ခရီးသွားလာမှုကျဆင်းလာသဖြင့် အဓိကကျသော ယူကေလေ ကြောင်းလိုင်းဖြစ်သည့် ဗြိတိန်လေကြောင်း (BA) က အလုပ်အကိုင်နေရာ ၁၂၀၀၀ လျော့ချရန် စီစဉ်လျက် ရှိသည်။

ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလတာအတွင်း လုပ်ငန်းလည်ပတ်မှု ဆုံးရှုံးမှုပမာဏ ယူရို ၅၃၅ သန်းအထိ ရှိခဲ့ကြောင်း ဗြိတိန်လေကြောင်း (BA) ၏ မိခင်ကုမ္ပဏီ International Airlines Group (IAG) က ကြေညာခဲ့ သည်။ ဒုတိယသုံးလတာအတွင်း လုပ်ငန်းလည်ပတ်မှုဆုံးရှုံးမှုသိသိသာသာ ပို၍ဆိုးလာမည်ဟု IAG က ပြော ကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျင် ဧပြီလနှင့် မေလအတွင်း ခရီးသွားများ ပို့ဆောင်မှုပမာဏကို ၉၄ ရာခိုင်နှုန်း လျော့ချခဲ့ပြီး မရှိမဖြစ်လိုအပ်သော ခရီးသွားလာမှုနှင့် နေရပ်ပြန်ပို့ရေး ခရီးစဉ်များကိုသာ ပြေးဆွဲပေးခဲ့ကြောင်း IAG က ဆိုသည်။

၂၀၁၉ ခုနှစ်ကဲ့သို့ လေကြောင်းဖြင့် ခရီးသွားလာမှုအဆင့်များ ပြန်လည်ရောက်ရှိရန် နှစ်ပေါင်းများစွာ ကြာမြင့် မည်ဟု မျှော်မှန်းထားရာ ကုန်သွယ်ရေးသမဂ္ဂများနှင့် ပြန်လည်တည်ဆောက်ရေးနှင့် ပိုလျှံရေးအစီအစဉ်တစ်ခု စေ့စပ်ညှိနှိုင်းနေကြောင်း IAG က ထုတ်ဖော်ပြောခဲ့သည်။

IAG က ဝန်ထမ်းများ နားနေခွင့်ပြုရန် အစိုးရ၏ အလုပ်အကိုင် ဆက်လက်ထားရှိရေး အစီအစဉ်တစ်ရပ်ကို အသုံးပြုခဲ့သည်။ နဂိုအခြေအနေပြန်ရောက်ရှိရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ရာ IAG က အုပ်စုလိုက် ပြန် လည်တည်ဆောက်ရေး အစီအမံများပြဋ္ဌာန်းရန် လိုအပ်မည်ဖြစ်သည်။

ကိုးကား ။ ။ အင်န်အိတ်ခ်ျကေ

Ref; British Airways plans to slash up to 12,000 jobs

#PeopleMedia #British


Share this post