• Follow Us on

Home ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်တပ်များ နယ်စပ်တွင် တပ်ဖြန့်ချထားပေးရန် ယူကရိန်းကာကွယ်ရေးဝန်ကြီး တောင်းဆို

ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်တပ်များ နယ်စပ်တွင် တပ်ဖြန့်ချထားပေးရန် ယူကရိန်းကာကွယ်ရေးဝန်ကြီး တောင်းဆို

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆ (People Media)

 

ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဇီရယ်ရက်ဇ်နီကော့ဗ်သည် ယူကရိန်းနိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ တွင် ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်တပ်များ တပ်ဖြန့်ချထားပေးရန် တောင်းဆိုလိုက်သည်။

 

ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့ လိပ်ခဲတည်းလည်းဖြစ်နေသည့်အခြေအနေတွင် ကနေဒါ၊ အမေရိကန်နှင့် ဗြိ တိန်နိုင်ငံတို့ပူးပေါင်းပြီး ယူကရိန်းနိုင်ငံကို စစ်ရေးအရ အမြန်ပူးပေါင်းထောက်ပံ့သင့်ကြောင်း၊ ဖြစ်လာပြီးမှပြင် ဆင်လျှင် အလွန်နောက်ကျသွားမည်ဖြစ်သဖြင့် နိုင်ငံအတွင်းကျူး ကျော်ဝင်ရောက်လာရန် အသင့်ပြင်နေသည့် ရုရှားသမ္မတဗလာဒီမာပူတင်၏ ခြေလှမ်းများကို ဟန့်တားရန် လိုအပ်ကြောင်း ယူကရိန်းကာကွယ် ရေးဝန်ကြီး က အင်တာဗျူးတစ်ခုတွင်ပြောဆိုလိုက်သည်။

 

ယူကရိန်းနိုင်ငံကို စစ်ရေးအရကူညီရန် နေတိုးအဖွဲ့အတွင်း သဘောထားကွဲပြားမှုများရှိနေသည်ကို စုံစမ်းသိရှိရ ကြောင်း၊ ကနေဒါ၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က ရုရှားသမ္မတပူတင်၏ စိန်ခေါ်မှုများကို ရင်ဆိုကြလိုကြောင်း၊ ဂျာမနီနှင့် ပြင်သစ်တို့မှာ ရုရှားနိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းထားလိုသဖြင့် ယူက ရိန်းကိုကူညီရေး ချီတုံချတုံဖြစ်နေကြောင်း အိုလက်ဇီရယ်ရက်ဇ်နီကော့ဗ်က ပြောသည်။

 

ယူကရိန်းတပ်မတော်ကို စစ်လက်နက်ပစ္စည်းများထောက်ပံ့ခြင်းနှင့် အခြားလိုအပ်သည်များပံ့ပိုးခြင်းအားဖြင့် လို အပ်ပါက မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (နေတိုးအဖွဲ့) ၏ ပြင်ပတွင် “အင်္ဂလို-ဆက်ဆွန် မဟာမိတ်ထူ ထောင်ပြီး ယူကရိန်းနိုင်ငံအားကူညီရန် လွန်ခဲ့သည့်လကယူကရိန်းသမ္မတဗိုလိုဒီမီဇီလန်စကီးကခန့်အပ်ခဲ့သည့် ကာကွယ်ရေးဝန်ကြီး အိုလက်ဇီရယ်ရက်ဇ်နီကော့ဗ်က ပြောသည်။

 

ယူကရိန်းမြေပြင်တပ်ဖွဲ့များအနေဖြင့် တိုက်ပွဲဝင်အသင့်အနေအထားဖြစ်နေပြီဖြစ်သော်လည်း အလွန်ကြီးမား သော ရုရှားတပ်မတော်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရာတွင် ယူကရိန်းနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေး၊ ရေတပ်နှင့် အီလက်ထရောနစ်စစ်ဆင်ရေးလက်နက်များကို အပူတပြင်းအဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ ရု ရှားတပ်မတော်မှာ ယူကရိန်းနယ်စပ်တွင် အင်အားအလုံးအရင်းစုဖွဲ့လျက်ရှိကြောင်း ၎င်းကပြောသည်။

 

ယူကရိန်းနိုင်ငံတွင်မရှိသည့် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ ခေတ်မီတိုက်လေယာဉ်များနှင့် ရေတပ် စစ်သင်္ဘောများနှင့် အီလက်ထရောနစ်စစ်ဆင်ရေးလက်နက်များကို ဖြည့်ဆည်းပေးရန် မဟာမိတ်နိုင်ငံများထံမှ အရေးပေါ်အကူအညီများလိုအပ်လျက်ရှိကြောင်း ၎င်းကပြောသည်။

 

သို့သော် ယခုအချိန်တွင် အရေးကြီးသည်မှာ ကနေဒါ၊ အမေရိကန်၊ ဗြိတိန်တပ်များ ယူကရိန်းနယ်စပ်တွင် တပ် ဖြန့်ချထားရေးပင်ဖြစ်ကြောင်း အိုလက်ဇီရယ်ရက်ဇ်နီကော့ဗ်က ပြောသည်။

 

Ref: Defense Minister calls on Britain, Canada and the U.S. to place soldiers on borders of Ukraine

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Defense Minister calls on Britain, Canada and the U.S. to place soldiers on borders of Ukraine

 

#PeopleMedia


Share this post