• Follow Us on

Home ဗြိတိန်၏သံအမတ်အသစ်ခန့်အပ်မှု မြန်မာစစ်အစိုးရကို အသိအမှတ်ပြုသလိုဖြစ်သွားမည်ကို ဥရောပနိုင်ငံများ စိုးရိမ်ထိတ်လန့်

ဗြိတိန်၏သံအမတ်အသစ်ခန့်အပ်မှု မြန်မာစစ်အစိုးရကို အသိအမှတ်ပြုသလိုဖြစ်သွားမည်ကို ဥရောပနိုင်ငံများ စိုးရိမ်ထိတ်လန့်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၀ (People Media)

 

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီးအသစ်ခန့်အပ်ရန် ဇူလိုင်လအတွင်းက ဆုံးဖြတ်ချက်ချ မှတ်လိုက်သဖြင့် ယင်းသို့သံအမတ်အသစ်ခန့်အပ်ခြင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းထားသည့် စစ်အစိုးရအား တရားဝင်သဖွယ်အသိအမှတ်ပြုလိုက်သည့်ရလဒ်ထွက်ပေါ်သွားမည်ကို ဥရောပမဟာမိတ်နိုင်ငံ များက အထိတ်တလန့်စိုးရိမ်လျက်ရှိကြောင်းသိရသည်။

 

မြန်မာနိုင်ငံတွင် စစ်အာဏာမသိမ်းမီ အရပ်သားအစိုးရအာဏာရှိစဉ်ကတည်းက ပေးပို့ထားပြီးဖြစ်သော သံအ မတ်ခန့်အပ်လွှာအား ပြန်လည်ရေးသားပေးပို့ရန် မြန်မာစစ်အစိုးရဘက်မှတောင်းဆိုမှုကို လက်ခံလိုက်ပြီးနောက် ဗြိတိန်အစိုးရက သံအမတ်ခန့်အပ်လွှာကို မြန်မာစစ်အစိုးရထံသို့တင်ပြခဲ့ကြောင်း အဆင်မြင့်သံတမန်များက ပြောသည်။

 

သံအမတ်ခန့်အပ်လွှာအမည်စာရင်းကို ပုံမှန်အားဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးမှ အခြားနိုင်ငံ့ခေါင်း ဆောင်တစ် ဦးထံသို့ ပေးပို့ရခြင်းဖြစ်သည်။ ယင်းသို့ပေးပို့ခြင်းမှာ မည်သည့်အစိုးရအမျိုးအစားဆိုသည်ကို တရားဝင်အသိအ မှတ်ပြုခြင်းမရှိစေကာမူ သွယ်ဝိုက်သောအားဖြင့် နှစ်နိုင်ငံအသိအမှတ်ပြုခြင်းကိုယူဆောင်လာခြင်းပင်ဖြစ်သည်။ အာဏာသိမ်းစစ်အစိုးရကို ဆက်ဆံရန်ဆန္ဒမရှိကြောင်းပြသသည့်အနေဖြင့် အနောက်တိုင်း သံရုံးများသည် အ ဆင့်နိမ့်သံအရာရှိ (သံရုံးယာယီတာဝန်ခံ) များ၏ အမည်စာရင်းကို တင်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

 

သံရုံးယာယီတာဝန်ခံများ၏ အမည်စာရင်းကိုတင်သွင်းခဲ့ကြသော ဂျာမနီ၊ ဒိန်းမတ်နှင့် ဖင်လန်ကဲ့သို့ သံရုံးများ မှာ မြန်မာစစ်အစိုးရကိုအသိအမှတ်ပြုသည့် ဗြိတိန်အစိုးရ၏ဆုံးဖြတ်ချက်ကို နားမလည်နိုင်ကြကြောင်း ရန်ကုန် မြို့ရှိ ထိပ်တန်းသံတမန်တစ်ဦးကပြောသည်။ အခြားတိုင်းပြည်များကလည်း အလားတူသံအမတ်များခန့်အပ်ရန် စဉ်းစားလျက်ရှိရာ ဗြိတိန်နိုင်ငံ၏ ဆုံးဖြတ်ချက်မှာ အခြားတိုင်းပြည်များက အတုယူစရာဖြစ်သွားမည်ကို ဥရောပ  နိုင်ငံများကစိုးရိမ်နေကြသည်။

 

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီအထိ စစ်အုပ်ချုပ်ရေးအောက်တွင် နှစ်ပေါင်း ၅၀ ကျော်နေ လာခဲ့ရသောတိုင်းပြည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီအနိုင်ရရှိခဲ့သောလည်း လွန်ခဲ့သည့် ၆ လက မြန်မာ့တပ်မတော်က အာဏာပြန်လည်သိမ်းယူခဲ့ရာ ဗြိတိန် အစိုးရက စစ်အာဏာသိမ်းမှုကို လူသိထင်ရှား ပြစ်တင်ရှုတ်ချခဲ့သည်။ ဗြိတိန်အစိုးရသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့နိုင်ငံရေးကို တွေ့ဆုံဆွေးနွေးအဖြေရှာရန်တောင်းဆိုရင်း မြန်မာစစ်အစိုးရကို ဖိအားပေးခဲ့ သည့်အပြင် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်အစိုးရ၏ ဆန္ဒပြဖြိုခွင်းမှုများကို တောက်လျှောက်ပြစ်တင် ရှုတ်ချခဲ့သည်။

 

အာဏာသိမ်းပြီးအဖြုတ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စုညီညွတ် ရေးအစိုးရ (NUG) ခေါ် စင်ပြိုင်အစိုးရက ကုလသမဂ္ဂတွင် သံအမတ်နေရာတစ်နေရာရရန် ကြိုးပမ်းနေစဉ် အ တွင်းမှာပင် ယခုကဲ့သို့ ဗြိတိန်အစိုးရ၏ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ စင်ပြိုင်အစိုးရသည် အွန်လိုင်း မှတစ်ဆင့် အာဏာသိမ်းစစ်အစိုးရကို စိန်ခေါ်ခြင်း၊ နိုင်ငံတစ်ဝန်းဆန္ဒပြကန့်ကွက်မှုများအားထောက်ခံအားပေး ခြင်းများဆောင်ရွက်လျက်ရှိသည်။

 

လက်ရှိကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ် ဦးကျော်မိုးထွန်းမှာ ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများကို ပွင့်လင်း မြင်သာစွာထောက်ခံလျက်ရှိပြီး ဦးကျော်မိုးထွန်းအား လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားသူဟု စွပ်စွဲခံထားရသူနှစ်ဦး မှာ အမေရိကန်တွင်ဖမ်းဆီးခံထားရသည်။

 

“အခုအချိန်ဟာ အလွန်အရေးကြီးတဲ့အချိန်ပါပဲ။ ဘယ်သူက ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်ဖြစ်မယ် ဆိုတာ စက်တင်ဘာလမှာ ဆုံးဖြတ်မှာပါ။ တကယ်လို့ စစ်အစိုးရဘက်က အနိုင်ရသွားမယ်ဆိုရင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG အဆုံးသတ်သွားမှာပါ။ အဲဒီလိုဆိုရင်တော့ NUG ဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့ လျှို့ဝှက် လှုပ်ရှားဆောင်ရွက်ရတော့မှာပါ။ ကျွန်တော်တို့ ဥရောပနိုင်ငံတွေကတော့ ဗြိတိန်အစိုးရ ဘာ့ကြောင့်ဒီလိုလုပ် သွားတယ်ဆိုတာ နားကိုမလည်နိုင်ပါဘူးဗျာ။” ဟု ရန်ကုန်မြို့မှ သံတမန်တစ်ဦးကပြောသည်။

 

ဗြိတိန်သံအမတ်အသစ် ပိ(တ်) ဗားဝဲလ်ကို ဇူလိုင်လအတွင်းက ခန့်အပ်ခဲ့သည်။ ဗားဝဲလ်သည် ယခင်က အာရှ၊ ကရစ်ဘီယန်နှင့် ပင်လယ်ရပ်ခြားတိုင်းပြည်များဆိုင်ရာ နိုင်ငံခြားရေးဌာန ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး အဖွဲ့၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည်။

 

“ဗြိတိန်နိုင်ငံအနေနဲ့ စစ်အာဏာသိမ်းမှုနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းဖြိုခွင်းမှုတွေကို ဆက် လက်ဆန့်ကျင်သွားမှာပါ။ မြန်မာလူထုအတွက် တရားမျှတမှုရရှိအောင် ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းသွား မှာဖြစ်သလို မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေနဲ့ ဆက်လက်လက် တွဲကြိုပမ်းသွားမှာဖြစ်ပါတယ်။” ဟု ထုတ်ပြန်ကြေညာချက်တစ်ခုတွင် နိုင်ငံခြားရေးဌာန ဓနသဟာယနှင့် ဖွံ့ဖြိုး တိုးတက်ရေးရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

 

Ref: European allies alarmed by UK’s ‘de facto recognition’ of Myanmar junta with new envoy

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: European allies alarmed by UK’s ‘de facto recognition’ of Myanmar junta with new envoy

 

#PeopleMedia


Share this post