• Follow Us on

Home ၿဗိတိန္ႏိုင္ငံသားေတြ ျမန္မာႏိုင္ငံကေန တတ္ႏိုင္ရင္ ထြက္ခြာၾကဖို႔ ၿဗိတိသွ်သံ႐ုံးထုတ္ျပန္

ၿဗိတိန္ႏိုင္ငံသားေတြ ျမန္မာႏိုင္ငံကေန တတ္ႏိုင္ရင္ ထြက္ခြာၾကဖို႔ ၿဗိတိသွ်သံ႐ုံးထုတ္ျပန္

Share this post

ရန္ကုန္၊ မတ္ – ၁၈

ကမၻာအႏွံ႔ပ်ံ႕ႏွံ႔ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္အေရးေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရးဝန္ေဆာင္မႈေတြကို ဖိအားေပး ႏိုင္ၿပီး ပုံမွန္ေစာင့္ေရွာက္မႈမေပးႏိုင္လို႔ တတ္ႏိုင္ရင္ ျမန္မာႏိုင္ငံကထြက္ခြာၾကဖို႔ ၿဗိတိန္ႏိုင္ငံသားေတြကို ျမန္မာ ႏိုင္ငံဆိုင္ရာၿဗိတိသွ်သံ႐ုံးက ထုတ္ျပန္သတိေပးပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ျပည္ပထြက္ခြာေလေၾကာင္းခရီးစဥ္ေတြကို သတိမေပးဘဲဖ်က္သိမ္းထားႏိုင္တယ္လို႔လည္း သတိ ေပးပါတယ္။

ၿဗိတိသွ်သံ႐ုံးဝန္ထမ္းတခ်ိဳ႕နဲ႔ မွီခိုေနသူေတြကိုလည္း ျပန္႐ုတ္သိမ္းထားၿပီး ေကာင္စစ္ဝန္အေထာက္အပံ့လိုမ်ိဳး မျဖစ္မေနအေရးႀကီးတဲ့လုပ္ငန္းေတြလုပ္ဖို႔ လိုအပ္တဲ့ဝန္ထမ္းေတြပဲက်န္ေနတယ္လို႔လည္း ထုတ္ျပန္ပါတယ္။

မတ္ ၁၇ ရက္ မေန႔ကညေန ၄ နာရီအထိ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ COVID-19 ေစာင့္ၾကည့္လူနာ ၁၄၂ ေယာက္၊ သံသယလူနာ ၂ ေယာက္ စုစုေပါင္း ၁၄၆ ေယာက္ရွိၿပီး ေရာဂါပိုးမရွိသူ ၁၃၅ ေယာက္၊ ဓာတ္ခြဲဖို႔ နမူနာယူ၊ ေပးပို႔ထားတာ ၉ ေယာက္ရွိၿပီး ေရာဂါေပ်ာက္လို႔ေဆး႐ုံကဆင္းရတဲ့လူ ၉၆ ေယာက္ရွိေနပါတယ္။

ၿဗိတိန္မွာေတာ့ မတ္ ၁၇ ရက္ မေန႔က ည ၉ နာရီနီးပါးအထိမွာ COVID-19 ေၾကာင့္ ေသဆုံးသူ ၇၁ ေယာက္ရွိ ၿပီး ကူးစက္ခံထားရသူအေယာက္ ၁၉၅၀ ရွိေနပါၿပီ။

မေန႔ကမနက္ပိုင္းအထိ ၿဗိတိန္မွာ လူ ၅၀၄၄၂ ေယာက္ကို ဗိုင္းရပ္စ္ကူးစက္မႈရွိ၊ မရွိစစ္ေဆးခဲ့ၿပီးၿပီလို႔လည္း ၿဗိတိန္အစိုးရက ထုတ္ျပန္ထားပါတယ္။

#PeopleMedia #UKEmbassyinYangon #TravelAdvice

(Unicode)
ဗြိတိန်နိုင်ငံသားတွေ မြန်မာနိုင်ငံကနေ တတ်နိုင်ရင် ထွက်ခွာကြဖို့ ဗြိတိသျှသံရုံးထုတ်ပြန်
……………………………………………………

ရန်ကုန်၊ မတ် – ၁၈

ကမ္ဘာအနှံ့ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ဖိအားပေး နိုင်ပြီး ပုံမှန်စောင့်ရှောက်မှုမပေးနိုင်လို့ တတ်နိုင်ရင် မြန်မာနိုင်ငံကထွက်ခွာကြဖို့ ဗြိတိန်နိုင်ငံသားတွေကို မြန်မာ နိုင်ငံဆိုင်ရာဗြိတိသျှသံရုံးက ထုတ်ပြန်သတိပေးပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပထွက်ခွာလေကြောင်းခရီးစဉ်တွေကို သတိမပေးဘဲဖျက်သိမ်းထားနိုင်တယ်လို့လည်း သတိ ပေးပါတယ်။

ဗြိတိသျှသံရုံးဝန်ထမ်းတချို့နဲ့ မှီခိုနေသူတွေကိုလည်း ပြန်ရုတ်သိမ်းထားပြီး ကောင်စစ်ဝန်အထောက်အပံ့လိုမျိုး မဖြစ်မနေအရေးကြီးတဲ့လုပ်ငန်းတွေလုပ်ဖို့ လိုအပ်တဲ့ဝန်ထမ်းတွေပဲကျန်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

မတ် ၁၇ ရက် မနေ့ကညနေ ၄ နာရီအထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 စောင့်ကြည့်လူနာ ၁၄၂ ယောက်၊ သံသယလူနာ ၂ ယောက် စုစုပေါင်း ၁၄၆ ယောက်ရှိပြီး ရောဂါပိုးမရှိသူ ၁၃၅ ယောက်၊ ဓာတ်ခွဲဖို့ နမူနာယူ၊ ပေးပို့ထားတာ ၉ ယောက်ရှိပြီး ရောဂါပျောက်လို့ဆေးရုံကဆင်းရတဲ့လူ ၉၆ ယောက်ရှိနေပါတယ်။

ဗြိတိန်မှာတော့ မတ် ၁၇ ရက် မနေ့က ည ၉ နာရီနီးပါးအထိမှာ COVID-19 ကြောင့် သေဆုံးသူ ၇၁ ယောက်ရှိ ပြီး ကူးစက်ခံထားရသူအယောက် ၁၉၅၀ ရှိနေပါပြီ။

မနေ့ကမနက်ပိုင်းအထိ ဗြိတိန်မှာ လူ ၅၀၄၄၂ ယောက်ကို ဗိုင်းရပ်စ်ကူးစက်မှုရှိ၊ မရှိစစ်ဆေးခဲ့ပြီးပြီလို့လည်း ဗြိတိန်အစိုးရက ထုတ်ပြန်ထားပါတယ်။

#PeopleMedia #UKEmbassyinYangon #TravelAdvice


Share this post