• Follow Us on

Home ဗြိတိန် Type 45 ဖျက်သင်္ဘောများတွင် အဆင့်မြင့်ဒုံးကျည်များတပ်ဆင်သွားမည်

ဗြိတိန် Type 45 ဖျက်သင်္ဘောများတွင် အဆင့်မြင့်ဒုံးကျည်များတပ်ဆင်သွားမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၂ (People Media)

 

ဗြိတိန်တော်ဝင်ရေတပ်၏ Type 45 ဖျက်သင်္ဘောများတွင် Common Anti-Air Modular Missile (CAMM) ခေါ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်သစ်များတပ်ဆင်သွားမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

 

CAMM စနစ်သည် ဗြိတိန်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး MBDA UK က ထုတ်လုပ်သော မြေပြင်-ဝေဟင် ပစ် မျိုးဆက်သစ်ဒုံးကျည်စနစ်တစ်ခုဖြစ်သည်။ ယင်းဒုံးကျည်သည် အသံထက် ၃ ဆမြန်သော စူပါဆောနစ် ဒုံး ကျည်ဖြစ်ပြီး active radar ပါဝင်သော ပဲ့ထိန်းဒုံးကျည်အမျိုးအစားဖြစ်သည်။ CAMM ဒုံးကျည်များ၏ အဓိက ရည်ရွယ်ချက်မှာ မြန်နှှုန်းမြင့်လေကြောင်းပစ်မှတ်များအပါအဝင် မြန်နှုန်းမြင့်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ် များ၊ မြန်နှုန်းနိမ့်ပစ်မှတ်များနှင့် သင်္ဘောပစ်ခရုစ်ဒုံးကျည်များကို ကာကွယ်ပစ်ခတ်ရန် ဖြစ်သည်။

 

“ဒီစီမံကိန်းက စစ်ဆင်ရေးအတွက် အလွန်ကောင်းမွန်တဲ့ စွမ်းရည်ကိုထောက်ပံ့ပေးသွားပါလိမ့်မယ်။ လက်ရှိအ ချိန်မှာရော အနာဂတ်မှာပါ ကြုံတွေ့ရမယ့် ရှုပ်ထွေးလှတဲ့လေကြောင်းရန် ခြိမ်းခြောက်မှုတွေကိုကာကွယ်နိုင်ဖို့ အထူးသဖြင့် လေယာဉ်တင်သင်္ဘောနဲ့တိုက်ခိုက်ရေးအုပ်စုတွေပါတဲ့ ရေပြင်ကသင်္ဘောအုပ်စုတွေကို ကာကွယ် နိုင်ဖို့ သေချာအောင်ဆောင်ရွက်သွားမှာပါ။” ဟု တော်ဝင်ရေတပ်မတော်အုပ်စုအကြီးအကဲ ရေတပ်ဒုတိယဗိုလ် ချုပ်ကြီး ဂျယ်ရီကျက်ကပြောသည်။

 

CAMM စနစ်ကို ဗြိတိန်ကြည်းတပ်နှင့် တော်ဝင်ရေတပ်တို့တွင် တပ်ဆင်အသုံးပြုထားပြီးဖြစ်ပြီး မြေပြင်အခြေ စိုက်နှင့် သင်္ဘောအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးစနစ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

 

ဗြိတိန်ရေတပ်၏ Type 45 ဖျက်သင်္ဘောများတွင် Aster 30 ဒုံးကျည်များတပ်ဆင်ထားပြီးသားဖြစ်ပြီး CAMM ဒုံးကျည်များထပ်မံတပ်ဆင်လိုက်သည့်အခါတွင် အနာဂတ်လေကြောင်းရန်ကာကွယ်ရေးအတွက် အဆင့်မြင့် သွားမည်ဖြစ်သည်။ အဆိုပါ CAMM စနစ်တွင် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် ၇၂ စင်းပါဝင်ပြီး ပထမဦး ဆုံးဖျက်သင်္ဘောတွင် ယင်း CAMM စနစ်ကို ၂၀၂၆ ခုနှစ် နွေရာသီမတိုင်မီတပ်ဆင်သွားမည်ဖြစ်သည်။

 

Ref: British Type 45 Destroyers are Getting an Epic Missile Upgrade

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 

Ref: British Type 45 Destroyers are Getting an Epic Missile Upgrade

 

#PeopleMedia


Share this post