• Follow Us on
Latest News

Home မြိတ်မြို့တွင် ပင်လယ်ထဲသို့ ပုဇွန်သွားရှာသည့် အမျိုးသား (၂) ဦး မိုးကြိုးပစ်ခံရ၊ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

မြိတ်မြို့တွင် ပင်လယ်ထဲသို့ ပုဇွန်သွားရှာသည့် အမျိုးသား (၂) ဦး မိုးကြိုးပစ်ခံရ၊ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ မတ် ၅

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စုတွင် နေထိုင်သည့် အမျိုးသား (၂) ဦးမှာ မြစ်အတွင်းသို့ ပုဇွန်သွားရှာရာ မိုးကြိုးပစ်ခံရပြီး တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အင်္ဂမော်ကျေးရွာတွင် နေထိုင်သည့် ကိုကျော်လင်း (၃၉) နှစ်နှင့် ကိုမွှာငယ် (၁၅) နှစ်တို့သည် မတ်လ ၁ ရက် နေ့တွင် ယောဝင်းကြီးမြစ်အတွင်းသို့ လှေစီးပြီး ပုဇွန်သွားရှာရာတွင် မိုးရွာသွန်းပြီးနောက် မိုးကြိုးပစ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

“ဖြစ်တာက ၁ ရက်နေ့က ၂ ရက်နေ့ ညနေခင်းမှာ တံငါသည်အချို့ ပင်လယ်ထဲသွားလို့ တွေ့တာ။ ပုဇွန်ရှာ၊ ငါးရှာ။ သူတို့က ပုဇွန်သွားဖမ်းကြတာ။ ဖမ်းပြီးတော့ ပုဇွန်ငါးပိလုပ်ကြတယ်။ လှေပေါ်မှာ ၂ ယောက်။ မသေ တဲ့သူက လှေပေါ်ကနေပြုတ်ကြသွားတယ်။ သေတဲ့သူက လှေပေါ်မှာ အပစ်ခံရပြီးတော့ ပြီးမှလှေပေါ်ကနေ ပြုတ်ကြသွားတာ” လို့ မြိတ်မြို့နေပြည်သူတစ်ဦးမှ ပြောသည်။

 

မိုးကြိုးအပစ်ခံရသည့် အမျိုးသား ၂ ဦးအနက် အမျိုးသား ၁ ဦးမှာ လှေပေါ်၌ပင် သေဆုံးနေပြီး၊ ကျန်အမျိုးသား ၁ ဦးမှာ မိုးကြိုးထိမှန်မှုကြောင့် လှေပေါ်မှ နေထဲပြုတ်ကျကာ အသက်ဘေးမှလွတ်မြောက်ခဲ့ကြောင်း၊ လှေထဲ ပြုတ်ကျခဲ့သည့် အမျိုးသားအား မတ်လ ၂ ရက်တွင် မြစ်ထဲသွားသည့် တံငါသည်တစ်ချို့မှ တွေ့ရှိခဲ့ပြီး ကယ် ဆယ်ပေးခဲ့ကြောင်း သိရသည်။

 

မိုးကြိုးပစ်ခံရမှုကြောင့် ကိုမွှာငယ်မှာ လက်တစ်ဖက်ဆုံးရူံးခဲ့ပြီး၊ လက်ရှိတွင် မြိတ်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကု သမှု ခံယူနေကြောင်း သိရသည်။

 

Photo – Credit

#PeopleMedia #မြိတ်မြို့နယ်

 

(unicode)


………………………………………………

 


 


 


 


 


 


 

Photo – Credit



Share this post