• Follow Us on
Latest News

Home မြိတ်-ထားဝယ်သွားကားလမ်း မိုင်တိုင် ၂၇ အနီး၌ ကုန်တင်ယာဉ်တစ်စီးနှင့် ခရီးသည်ယာဉ် ၄ စီး၏ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်ဦးသေ၊ ၄ ဦး ဒဏ်ရာရ

မြိတ်-ထားဝယ်သွားကားလမ်း မိုင်တိုင် ၂၇ အနီး၌ ကုန်တင်ယာဉ်တစ်စီးနှင့် ခရီးသည်ယာဉ် ၄ စီး၏ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်ဦးသေ၊ ၄ ဦး ဒဏ်ရာရ

Share this post

မြိတ်၊ ဒီဇင်ဘာ ၂၄ (People Media)

 

ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ထွက်ခွာလာလည့် ကုန်တင်ယာဉ်တစ်စီးနှင့် ခရီးသည်ယာဉ် ၄ စီးသည် မြိတ်-ထားဝယ်သွားကားလမ်း မိုင်တိုင် ၂၇ အနီး၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် တစ်ဦး သေဆုံးခဲ့ပြီး ခရီးသည် ၄ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းက မြိတ်-ထားဝယ်သွားကားလမ်း မိုင်တိုင် ၂၇ အနီး၊ သရက်ချောင်းမြို့နယ်၊ ပြင်ဖြူ ကြီးကျေးရွာအနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ၌ ကုန်တင်ယာဉ်တစ်စီးနှင့် ခရီးသည်ယာဉ် ၄ စီးတို့သည် တန်းစီးပြီး မောင်းနှင်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကုန်တင်ယာသည် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

 

ထို့နောက် ခရီးသည်ယာဉ်လေးစီးသည် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦးသေဆုံးခဲ့သလို ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

“ခရီးသည်ယာဉ်တွေက ဒီကာလမှာ တစ်စီး အခက်အခဲဖြစ်ရင် အခြားအစီးတွေက ကူညီနိုင်ဖို့ အတူတူသွား။ အတူတူလာကြတာ။ အဲ့ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒေသခံ PDF တွေက မိုင်းဆွဲတယ်။ လက်နက်ငယ်နဲ့ ပစ် တယ်။ သူတို့က ခရီးသည်ယာဉ်တန်းမှန်း မသိလို့ပစ်တာလား သိလျက်နဲ့လုပ်တာလားဆိုတာ မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်များကို တာဝန်ရှိသူများက နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင် ထားကြောင်း သိရသည်။

 

Photo – ပစ်ခတ်ခံရသည့် ခရီးသည်ယာဉ်နှင့် ကုန်တင်ယာဉ်၏ မြင်ကွင်း

 

#PeopleMedia

 

(unicode)


………………………………………………….

 


 


 


 


 


 


 


 

#PeopleMedia


Share this post