• Follow Us on

Home မြိတ်-ထားဝယ် ခရီးသည်ယာဉ်လေးစီး မောင်းနှင်းလာသော ယာဉ်တန်း ပစ်ခတ်ခံရပြီး ခရီးသည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့

မြိတ်-ထားဝယ် ခရီးသည်ယာဉ်လေးစီး မောင်းနှင်းလာသော ယာဉ်တန်း ပစ်ခတ်ခံရပြီး ခရီးသည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့

Share this post

ထားဝယ်၊ ဒီဇင်ဘာ ၂၄ (People Media)

 

ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်း၌ ခရီးသည် ယာဉ်လေးစီး မောင်းနှင်လာသော ယာဉ်တန်းသည် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရပြီး ယာဉ်၍ ဘေးမှန်များ ထိခိုက်ပျက်စီးခဲ့သလို ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

 

“မြိတ်ကနေ ခရီးသည်ယာဉ်လိုင်းအုပ်စုက လေးစီးလောက်ပါမယ်။ အပစ်ခံရတဲ့နေရာက သရက်ချောင်းမြို့နယ် အပိုင်ဘက်မှာ ဖြစ်တာ။ လုံခြုံရေးယာဉ်တန်းထင်ပြီး ပစ်တာ။ ခရီးသည်ယာဉ်တွေက အစုလိုက်သွားတော့ အဲ့ဒါ ကို လုံခြုံရေးယာဉ်တန်းထင်ပြီး ပစ်တာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ခရီးသည်ယာဉ်များ ပစ်ခတ်ခံခဲ့ရသည့်နေရာကို တာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

 

အလားတူ ဒီဇင်ဘာ ၂၁ ရက်နေ့က ထားဝယ်မြို့နယ်၊ ခေါင်တိုင်ပြင်ကျေးရွာရှိ PDF စခန်းတစ်ခု ဝင်ရောက်ရှင်း လင်းခံခဲ့ရပြီး စခန်းရှိ ရိက္ခာများ၊ လက်လုပ်သေနတ်များ၊ လက်လုပ်စိန်ပြောင်းများအပါအဝင် ဖောက်ခွဲရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းခံခဲ့ရသည်။

 

Photo – CJ

 

#PeopleMedia #တနင်္သာရီတိုင်း

 

(unicode)


………………………………………………………

 


 


 


 


 


 

Photo – CJ

 



Share this post