• Follow Us on

Home မြိုင်မြို့နယ်ရှိ ကိုဗစ်စစ်ဆေးရေးဂိတ် လက်လုပ်ရှော့တိုက်မိုင်းဖြင့် တိုက်ခိုက်ခံရ၊ ခရီးသွားပြည်သူတစ်ဦး ထိ ခိုက်ဒဏ်ရာရရှိ

မြိုင်မြို့နယ်ရှိ ကိုဗစ်စစ်ဆေးရေးဂိတ် လက်လုပ်ရှော့တိုက်မိုင်းဖြင့် တိုက်ခိုက်ခံရ၊ ခရီးသွားပြည်သူတစ်ဦး ထိ ခိုက်ဒဏ်ရာရရှိ

Share this post

မြိုင်၊ နိုဝင်ဘာ ၂၂ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် မြိုင်-မန္တလေးကားလမ်းပေါ်ရှိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်သည်  လက်လုပ်ရှော့တိုက်မိုင်းဖြင့် တိုက်ခိုက်ခံရကြောင်း သိရပါတယ်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် ဆိုင်ကယ်စီးနှင်းလာသူအမျိုးသားတစ်ဦး ထိခိုက်ခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရ ကြောင်း သိရသည်။

 

“ဖြစ်တာကတော့ ဟုတ်ပါတယ်။ ဆိုင်ကယ်စီးလာတဲ့သူတစ်ယောက်ကတော့ ဒဏ်ရာရတာတော့ရှိ အသက် အန္တရာယ်တော့ မစိုးရိမ်ရပါဘူး၊ အဲ့ဒီနေရာကို တပ်ကအင်ဂျင်နီယာတပ်တွေ ထပ်လာတော့ နောက်ထပ်မိုင်းတွေ ကို ထပ်တွေ့ရတယ်။ အဲ့ဒါတွေကိုပါ တစ်ခါတည်း ရှင်းလင်းသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

ယခုရက်ပိုင်းအတွင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိနေရာတချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် PDF အဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရပါတယ်။

 

#PeopleMedia #မြိုင် #PDF

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post